အပိုင်း(၅)Unicode

14.1K 1.4K 88
                                    

ကျောင်းပိတ်ရက် သူငယ်ချင်းတွေ အိမ်အလည်ခေါ်ထားတာနဲ့ မေမေ ကြာဇံချက်နေတာကို ကူလုပ်ပေးဖြစ်သည်။

"သား သူငယ်ချင်းတွေ ဘယ်အချိန်လာမှာလဲ"

"၉ နာရီလောက်လာခဲ့မယ်တဲ့ မေမေ"

"ဇာတိက အကုန်တောင်ငူကပဲလား"

"သော်သော်က ဇရပ်ကြီးက ရှားရှားက ဖြူးက ဒီမှာ အဆောင်နေကြတာ သူတို့နှစ်ယောက်က အထက်တန်းကတည်းက ဒီမှာလာတက်တာတဲ့ ဘုန်းပြည့်ကတော့ တောင်ငူကပဲ လျှပ်စစ်လမ်းထဲမှာနေတာ သားတို့အိမ်နဲ့ နည်းနည်းနီးတာပေါ့"

"ဪ"

မေမေနဲ့စကားကောင်းနေတုန်း ဟွန်းသံတွေကြားရတာနဲ့ အိမ်ရှေ့ထွက်လာလိုက်တော့ သုံးယောက်သား တူတူချိန်းပြီး လာကြပုံရသည်။သူခြံတံခါး ဖွင့်ပေးပြီး ဆိုင်ကယ်တွေ အထဲထည့်ခိုင်းကာ အိမ်ထဲခေါ်လာလိုက်တော့ မေမေက မီးဖိုချောင်ကထွက်လာသည်။

"သားတို့ သမီးတို့ ကိုယ့်အိမ်လိုသဘောထားပြီးသာနေ"

"ဒါ ငါ့မေမေပဲ မေမေ ဒါက သော်သော် သူက ရှားရှား ဘုန်းပြည့်ကတော့ ဟိုတစ်ခါမိတ်ဆက်ပေးပြီးသား"

"ယံယံက အန်တီနဲ့တူလို့ချောတားကိုး ခုမှသိတော့တယ်"

သော်သော်စကားကို မေမေကရယ်ကာ

"မုန့်ကျွေးရတော့မှာပဲ အန်တီကြာဇံချက်နေတာ အဝသာစား ဟုတ်ပြီလား"

"စားမှာ အန်တီ သမီးက ကြာဇံချက် အရမ်းကြိုက်တာ ရှောက်သီးသုပ်လေးနဲ့ဆို ရှယ်ပဲ"

ရှားရှားက ပြောရင်းနဲ့ သရေတောင်ကျလာသည့်နှယ်။

"အဲ့ဒါဆိုလည်း နင်ဒီမှာ အလကားထိုင်မနေနဲ့ သွားလုပ်ကူလေ"

ဘုန်းပြည့်စကားကြောင့် ရှားရှားက မျက်စောင်းထိုးကာ

"ကူမှာပါ ငါက နင့်လို အလကားထိုင်မနေဘူး"

"နင်က မိန်းကလေးလေ လုပ်ကူရမှာပေါ့"

ဘုန်းပြည့်နဲ့ရှားရှားက တွေ့တာနဲ့ တစ်ယောက်နဲ့တစ်ယောက် အနိုင်မခံအရှုံးမပေး စသည်။ဒါကို မေမေကတော့ သဘောကျကာ ရယ်သည်။သော်သော်က မေမေ့ကို အားနာဟန်နဲ့ကြည့်ကာ

သူ႔အခ်စ္မွာခိုနားခြင့္(သူ့အချစ်မှာခိုနားခွင့်)Unicode+ZawgyiWhere stories live. Discover now