အပိုင်း(၃၂)Unicode

10.7K 1.1K 42
                                    

ဒီနေ့ ဒုတိယနှစ်အတွက် ကျောင်းအပ်ရမယ့်နေ့ဆိုတော့ ကျောင်းသွားဖို့ ပြင်ဆင်ပြီး မှူးဆက်လာခေါ်မှာကို ခြံထဲမှာထိုင်စောင့်နေလိုက်သည်။လိုင်းဖွင့်ထားတဲ့ ဖုန်းက message noti တက်လာတော့ သော်သော်နဲ့ရှားရှားတို့ဆီကလို့ မှတ်ပြီး ဖွင့်ကြည့်လိုက်ပေမယ့် တွေ့လိုက်ရတာက သူမရင်းနှီးတဲ့ အကောင့်တစ်ခု။သိချင်စိတ်နဲ့ ဖွင့်ဖတ်လိုက်တော့ စာမဟုတ်ပဲ ပုံတွေဖြစ်နေသည်။လက်ထဲကဖုန်းတောင် လွှတ်ချမိလုနီးနီး။

မှူးဆက်နဲ့ သူ့ရည်းစားဟောင်း ဆိုင်တစ်ဆိုင်မှာအတူထိုင်နေတဲ့ ပုံတွေရယ် taxi ဘေးမှာ အတူရပ်ပြီး စကားပြောနေတဲ့ ပုံတွေရယ်။

တဒိန်းဒိန်းနဲ့ သွေးတွေဆောင့်တက်နေတာ ကိုယ့်နှလုံးခုန်သံတောင် ကိုယ်ပြန်ကြားနေရသည်။အမြင်တွေဝေဝါးလာတာ ဝမ်းနည်းတဲ့စိတ်ကြောင့်လား ကိုယ့်မမြင်ကွယ်ရာမှာ ရည်းစားဟောင်းနဲ့ ဆက်သွယ်နေတာကို ဒေါသထွက်တဲ့စိတ်ကြောင့်လားဆိုတာ ဝေခွဲမရ။ ရန်ကုန်က ပြန်ရောက်လာတဲ့ အတောအတွင်း တွေ့ရင်လည်းတွေ့ခဲ့တယ်ဆိုတဲ့အကြောင်း ဖွင့်မပြောပဲ မှူးဆက်က သူ့ကို ဖုံးကွယ်ထားခဲ့တာ ဘာသဘောလဲ။

"ယံယံ....ယံယံ"

နာမည်ခေါ်သံကြားတော့မှ စိတ်နဲ့ကိုယ်ပြန်ကပ်တော့သည်။အသံလာရာကြည့်လိုက်တော့ မှူးဆက်က သူ့ကို ပြုံးပြနေသည်။

"ဆိုင်ကယ်ဟွန်းတီးနေတာ ကြာလှပြီ ဘာတွေငုတ်တုတ်မေ့နေတာလဲ"

ဖုန်းကို အိတ်ကပ်ထဲထိုးထည့်လိုက်ကာ

"ဘာမှမဟုတ်ပါဘူး သွားမယ်လေ"

ခြံတံခါးသေချာပိတ်လိုက်ပြီး မှူးဆက်ဆိုင်ကယ်နောက်က ထိုင်ကာ ဘာစကားပြောရမှန်း စဉ်းစားမရ။ဒီပြသာနာကို ဘယ်လိုရှင်းရမလဲ မတွေးတတ်။ကျောင်းအပ်တော့လည်း စိတ်နဲ့ကိုယ်မကပ်ပဲ အလွဲလွဲအမှားမှားဖြစ်နေတော့ မှူးဆက်ကိုယ်တိုင်ပဲ အစအဆုံးလိုက်လုပ်ပေးကာ လူရှင်းတဲ့ ဘွဲ့နှင်းသဘင်ခန်းမရဲ့ ဒေါင့်တစ်နေရာမှာ ကျန်တဲ့သူတွေကို စောင့်နေရင်း

"ယံယံ....နေရောကောင်းရဲ့လား"

"ကောင်းပါတယ် ဘာမှမဖြစ်ပါဘူး"

သူ႔အခ်စ္မွာခိုနားခြင့္(သူ့အချစ်မှာခိုနားခွင့်)Unicode+ZawgyiWhere stories live. Discover now