အပိုင်း(၉)Unicode

13.3K 1.3K 61
                                    

နေ့လည်နှစ်နာရီထိုးမှ ရေထဲက တက်လာကြပြီး ပြန်ဖို့ ဆိုင်ကယ်တွေရှိရာကို စကားတပြောပြောနဲ့ လျှောက်လာကြသည်။ဆိုင်ကယ်ထားတဲ့နေရာရောက်တော့ သူတို့ဆိုင်ကယ်တွေပေါ်တက်ထိုင်နေတဲ့ အုပ်စုကြောင့် ပြောလက်စစကားသံတွေ တိတ်ဆိတ်သွားကာ သော်သော်ရယ် ရှားရှားရယ် ယံယံတို့ကတော့ ဘာမှနားမလည်ပေမယ့် ကောင်းတာမဟုတ်မှန်းတော့ ခံစားမိနေသည်။

"ဆုံမယ့်ဆုံတော့လည်း ဒီမှာလာဆုံတာပဲ မတွေ့တာတောင် တော်တော်ကြာပြီနော် သားကြီးတို့"

ထိုအုပ်စုက စကား​စရင်း သူတို့ရပ်နေတဲ့ နေရာကို လျှောက်လာတော့ မခြူးဆီက စကားသံတိုးတိုးထွက်လာသည်။

"ဇွဲသုတမလား အဲ့ကောင်ဘာပြောပြောသည်းခံနော် ရန်မဖြစ်ကြနဲ့"

မှူးဆက်ရှေ့ပိတ်ရပ်ကာ မျက်နှာကို အုပ်ထားတဲ့ mask ကို ဇွဲသုတက ပိုင်စိုးပိုင်နင်းဆွဲချလိုက်တော့ ယံယံပင်လန့်သွားရသည်။ရဲသွေးတို့ စွမ်းလေးတို့လှုပ်လှုပ်ရှားရှားဖြစ်သွားတာကို သိင်္ဂါက လှမ်းထိန်းရင်းခေါင်းခါပြသည်။

"လူမျက်နှာလား အရုပ်မျက်နှာလား မသဲကွဲတဲ့ မင်းမျက်နှာက အမာရွတ်နဲ့လည်း ကြည့်ကောင်းတုန်းပဲမလား ဒါကြီး အုပ်ထားစရာမလိုပါဘူး ကြည့်စမ်း အမာရွတ်တောင်သိပ်မမြင်ရတော့ဘူး  ဘာဆေးတွေများသုံးလဲ ညွှန်းစမ်းပါဦး ငါ့လက်ကိုလည်းကုချင်လို့"

အမာရွတ်ဆိုတဲ့ စကားကြောင့် ယံယံ မှူးဆက်မျက်နှာကို တအံ့တဩလှမ်းကြည့်မိသည်။မှူးဆက်က သူတို့နောက်ကို တစ်ချက်လှည့်ကြည့်ကာ

"ကိုယ့်လမ်းကိုယ် အေးအေးဆေးဆေးသွားရအောင်"

"နေပါဦး မတွေ့တာကြာလို့နှုတ်ဆက်နေတာကို"

မှူးဆက်ဘေးက မခြူးဆီအကြည့်ရွေ့သွားတော့ မှူးဆက်က မခြူးလက်ကိုလှမ်းဆွဲကာ နောက်ကို့ပို့လိုက်ပြီးခပ်စူးစူး ပြန်ကြည့်ပေးလိုက်သည်။ဇွဲသုတက ပြုံးကာ သိင်္ဂါရှေ့သွားရပ်ပြီး ဘေးမှာရပ်နေတဲ့ ရှားရှားကို သေချာကြည့်ကာ

"ချစ်စရာလေးပါလား ဘယ်ကရှာတွေ့ထားတာလဲ"

ဘုန်းပြည့်က ရှားရှားရှေ့ပိတ်ရပ်ကာ

သူ႔အခ်စ္မွာခိုနားခြင့္(သူ့အချစ်မှာခိုနားခွင့်)Unicode+ZawgyiDonde viven las historias. Descúbrelo ahora