အပိုင်း(၃၄)Unicode

10.6K 1.1K 30
                                    

ဆရာစောကခေါ်တယ်ဆိုတာနဲ့ မှူးဆက်က သူ့ကို ကျောင်းလိုက်ပို့ပေးပြီး မြို့ထဲပြန်သွားခဲ့သည်။အတန်း တက်နေပေမယ့်လည်း စာထဲစိတ်မပါတာကြောင့် မနက်ခင်း အတန်းနှစ်ချိန်အပြီးမှာတော့ သော်သော့်ကို ကျန်တဲ့အတန်းတွေလစ်ဖို့ အဖော်စပ်မိသည်။စာအုပ်တွေကောက်သိမ်းပြီးတာနဲ့ ရှားရှားတို့ သင်္ချာဆောင်ဘက် နှစ်ယောက်သားထွက်လာလိုက်ကာ အဆောင်နဲ့ မလှမ်းမကမ်းက ကျောက်စားပွဲမှာ ထိုင်ရင်း ရှားရှားကို လှမ်းခေါ်လိုက်တော့ ချက်ချင်းကို ရောက်ချလာသည်။

"နှစ်ယောက်သားအတန်းပြေးလာကြတယ်ပေါ့"

"အေး ယံယံက စိတ်မပါဘူးဆိုတာနဲ့"

"မှူးဆက်ရော မတွေ့ပါလား"

"အင်း သူ့ဘောလုံးဆရာခေါ်တယ်ဆိုလို့ မြို့ထဲပြန်သွားခဲ့တယ်"

"ဘုန်းပြည့်လည်း ကျောင်းမလာဘူး မိရှား...နင့်ကို ဘာပြောသွားသေးလဲ"

"သူ့အဖေနေပြည်တော်သွားတာ ကားလိုက်မောင်းပေးရမယ်ပြောတာပဲ"

"သြော် ဒါနဲ့ ဟဲ့ သူတို့အုပ်စု တစ်ခုခုတော့တစ်ခုခုပဲလို့မထင်ဘူးလား"

သော်သော်မေးတော့ ရှားရှားက ခေါင်းညိတ်ပြရင်း

"ငါလဲ ဘုန်းပြည့်ကိုမေးကြည့်တာ ဘာမှမပြောဘူးရယ် ဟိုလိုလို ဒီလိုလို လှည့်ပတ်ဖြေနေတာ"

"ရန်ဖြစ်ကြတဲ့ ကိစ္စလား"

သူဝင်မေးလိုက်တော့ နှစ်ယောက်သားက ခေါင်းညိတ်ပြကာ

"အေးလေ"

"မှူးဆက်လည်း ငါ့ကို နောက်မှပြောပြမယ်ဆိုပြီး မေ့ချင်ယောင်ဆောင်နေတာလား မေ့သွားတာလားမသိဘူး ဘာမှပြောဘူး"

သူ့စကားဆုံးတာနဲ့ ရှားရှားက လေသံတိုးတိုးနဲ့ ပြောလာသည်။

"ငါကြားတာတော့ ရန်ဖြစ်ကြတာ စွမ်းလေးနဲ့ ရဲသွေးတဲ့မှူးဆက်တို့က ဝင်ဆွဲတာတဲ့"

"ဟယ်...အဲ့နှစ်ယောက်ကဒီလောက်တည့်တာ ဘာကိစ္စနဲ့ ရန်ဖြစ်ကြတာလဲ"

"သူတို့ကိစ္စနဲ့သူတို့ရှိမှာပေါ့ ငါတို့ကို မသိစေချင်တာလဲ ဖြစ်နိုင်တာပဲ"

သူ႔အခ်စ္မွာခိုနားခြင့္(သူ့အချစ်မှာခိုနားခွင့်)Unicode+ZawgyiWhere stories live. Discover now