အပိုင်း(၂၂)Unicode

13.2K 1.2K 36
                                    

သင်္ကြန်ရောက်လာတော့ ဟိုနား ဒီနားကနေ သီချင်းသံတွေစကြားလာရသည်။ငယ်ငယ်ကတည်းက တစ်ခါမှ ထွက်မလည်ဖူးတော့ လည်ချင်စိတ်လည်းမဖြစ်မိ။ဒါပေမဲ့ဘုန်းပြည့်ကတော့ အကြတ်နေ့သွားလည်ဖို့ ပြောထားသည်။ မှူးဆက်ကတော့ ဘာမှမပြောသေး။

တီ...တီ...

ခြံထဲကပန်းပင်တွေ ရေပိုက်နဲ့ဖြန်းနေတုန်း ကားဟွန်းသံကြောင့် ခြံတံခါးသွားဖွင့်တော့ မှူးဆက်က ကားပေါ်ကနေ ပိတောက်ပန်းတွေ တစ်ပွေ့တစ်ပိုက်နဲ့ ဆင်းလာကာ

"ပိတောက်ပန်းလာပို့တာ"

"အများကြီးပဲ"

မေမေ ပန်းအိုးထိုးဖို့ အတော်ပဲဆိုပြီး မှူးဆက် လက်ထဲကနေ ပန်းတွေလွှဲယူလိုက်တော့ ပိတောက်နံ့သင်းသင်းက နှာခေါင်းဝကို လာကျီစယ်သည်။

"လာ....အိမ်ထဲဝင်လေ အမေရှိတယ်"

မှူးဆက်ကို အိမ်ထဲခေါ် လာတော့ TV ကနေ သင်္ကြန်လည်နေတဲ့ မေမေက

"ထင်တယ် သားသားခြံတံခါးဖွင့်ကတည်းက မှူးဆက်ရောက်လာပြီဆိုတာ"

"အန်တီ့အတွက် ပန်းလာပို့တာဗျ"

"အမ်"

မှူးဆက်က အမေ့ကိုမျက်နှာလိုမျက်နှာရပြောလိုက်တော့ ပန်းတွေကိုင်ထားတဲ့ သူခမျာ အမေ့ကိုပဲ သွားပေးရတော့မလိုလို။

"ငါ့အတွက်လာပို့တာမဟုတ်ဘူးလား"

"မဟုတ်ပါဘူး ပန်းပန်ရအောင် မင်းကမိန်းကလေးလား အန်တီပန်မှာပေါ့ အန်တီ့ကိုပေးတာ"

"အမျိုးမျိုးပဲ"

သူတို့နှစ်ယောက် အပြန်အလှန်ပြောနေတာကို အမေကရယ်ကာ

"ပေးပေး ရေစိမ်ထားလိုက်မယ် ပြီးကျမှ ပန်းအိုးထိုးရမယ်....အများကြီးပဲ"

မေမေက သူ့လက်ထဲက ပန်းတွေကို လာယူကာ ရေချိုးခန်းဘက် ထွက်သွားပြီး

"မှူးဆက်ကို တစ်ခုခုဧည့်ခံလိုက်ဦးလေ သားရဲ့"

"ထားလိုက် သူ့ကို ဘာမှမကျွေးဘူး အမေ"

မျက်စောင်းနဲ့ကြည့်ကာ ပြောတော့ မှူးဆက်က ပြုံးကာ သူ့ပါးကို လာဆွဲတာကြောင့် မျက်လုံးပြူးပြပြီး

သူ႔အခ်စ္မွာခိုနားခြင့္(သူ့အချစ်မှာခိုနားခွင့်)Unicode+ZawgyiWhere stories live. Discover now