အပိုင်း(၂၈)Unicode

11.6K 1.1K 63
                                    

အခန်းတံခါးခေါက်ဖို့အရေး စိတ်ကိုတည်တည်ငြိမ်ငြိမ်ထားကာ အသက်ကိုပြင်းပြင်းရှူကြည့်ရသည်။ပြီးမှ အခန်းတံခါးခေါက်လိုက်တော့ ဝင်ခဲ့ဆိုတဲ့ စကားသံထွက်လာသည်။တံခါးတွန်းဖွင့်ပြီး ဝင်သွားတော့ ထုံးစံအတိုင်း စာရွက်တွေနဲ့ အလုပ်ရှုပ်နေတဲ့ ကိုခန့်နိုင်ကသူ့မြင်တော့ ခပ်ပြုံးပြုံးပဲကြည့်လာကာ

"ယံယံ လာလေ "

"ဟုတ်.....အန်တီနှင်းကိုတော့ ကျွန်တော်ပြောပြီးပါပြီ အဲ့ဒါ အစ်ကို့ကိုလည်း ကိုယ်တိုင်သွားပြောလိုက်ဦးဆိုလို့"

သူပြောတော့ ကိုခန့်နိုင်က ပြောမယ့်စကားကို ကြိုသိနေသည့်အလား ရယ်ကာ

"ဂိုက်ကထွက်မယ့်အကြောင်းလား"

"ဟုတ်"

"ကိုယ့်သဘောနဲ့ကိုယ်ထွက်တာလား ဟိုနေ့ကကိစ္စကြောင့် မှူးဆက်က ထွက်ခိုင်းလို့လား"

"ကျွန်တော့်အကြောင်းနဲ့ ကျွန်တော်ပါ"

"မပြောလည်း ကိုယ်သဘောပေါက်ပါတယ် ရပါတယ် ကိစ္စမရှိပါဘူး"

"အဲ့ဒါဆို ကျွန်တော့်ကို သွားခွင့်ပြုပါဦး ဒီအတောအတွင်း ကျေးဇူးအများကြီးတင်ပါတယ်"

ကိုခန့်နိုင်ကို နှုတ်ဆက်ပြီးလှည့်အထွက် တံခါးနားရောက်တော့

"ဪ... မှူးဆက်ကို ပြောလိုက်ပါဦး ဘာလို့ အစ်ကိုက ယံယံ့ကို စိတ်ဝင်စားနေတယ်လို့ ထင်ရတာလဲလို့ အစ်ကို့ပုံစံက အဲ့လိုပုံဖြစ်နေလို့လားလို့ "

ကြားလိုက်ရတဲ့ ကိုခန့်နိုင်စကားကြောင့် လှည့်ကြည့်ဖြစ်ကာ ဘာမှပြန်မပြောမိပေမယ့် သူ့ခေါင်းထဲ အတွေးတွေရှုပ်ယှက်ခတ်သွားရသည်။

ဘာစကားကြီးလဲ ဘာကိုဆိုလိုချင်နေတာလဲ။

ယံယံ အခန်းထဲကထွက်သွားတော့မှ ခန့်နိုင်အားရပါးရပြုံးမိကာ

"မင်းခန့်မှူးဆက် တကယ်မလွယ်တာပဲ ဟင်း....မင်းကို ငါ့အနားရောက်အောင်မလုပ်နိုင်ပေမယ့် မင်းအနား ဘယ်သူမှရှိမနေအောင်တော့ ငါလုပ်နိုင်တယ်...မှူးဆက်"

~~~~

မှူးဆက်တို့ အိမ်ထဲဘယ်သူမှမရှိဘူးထင်လို့ ဝင်လိုက်ပြီးမှ ဧည့်ခန်းထဲမှာရှိနေတဲ့ မခြူးတို့သူငယ်ချင်းတစ်သိုက်ကြောင့် လန့်သွားမိသည်။

သူ႔အခ်စ္မွာခိုနားခြင့္(သူ့အချစ်မှာခိုနားခွင့်)Unicode+Zawgyiحيث تعيش القصص. اكتشف الآن