အပိုင်း(၃၇)
4.7K 487 43
နှစ်ရက်လောက် အသည်းကွဲဝေဒနာကို အလူးအလဲခံစားလို့အပြီးမှာတော့ ကျောင်းသွားမြှဖစ်မယ်ဆိုတဲ့ စိတ်နဲ့  ကျောင်းရောက်လာကာ ပညာသင်ကိစ္စအကြောင်း ပြောဖို့ ဌာနမှူးကို ဝင်တွေ့ခဲ့ပြီး အတန်းထဲဝင်သွားလိုက်တော့ သော်သော်က အခုမှပေါ်လာရလားဆိုတဲ့ အကြည့်နဲ့ ကြည့်ကာ
"ပေါ်တော်မူလာပါပြီ ဘာဖြစ်လို့ကျောင်းမလာတာလဲပြော စာပို့ထားတာတွေလည်း reply မပြန်ဘူး"
"ဒီလိုပါပဲ ကိစ္စတစ်ချို့မအားတာနဲ့"
သူ့အဖြေကို ဘုန်းပြည့်က ကျေနပ်ပုံမရပဲ
"မှူးဆက်နဲ့ဘာဖြစ်တာလဲ"
ဘုန်းပြည့်အပြောကြောင့် သော်သော်ကပါ အလန့်တကြားထဖြစ်ကာ
"ဟင် ယံယံတို့ ရန်ဖြစ်ကြပြန်ပြီလား"
သူနဲ့မှူးဆက်အကြောင်းကို မပြောချင်ပေမယ့်လည်း ပြောမြှဖစ်မှာမလို့ မျက်နှာကို အတတ်နိုင်ဆုံး တည်တည်တင်းတင်းထားလိုက်ကာ
"ငါတို့ လမ်းခွဲလိုက်ပြီ"
"ဟင်"
"ဘာ"
သူ့အပြောမှာ နှစ်ယောက်လုံး အံ့ဩသွားကြမှာဖြစ်ပေမယ့် သူဘာမှဆက်ပြောဖို့ အစီစဉ်မရှိတာကြောင့်
"ဘာမှမမေးနဲ့တော့ ဆရာလာပြီ စာပဲကြည့်ရအောင်"
စာအုပ်ထုတ်ကာ သင်မယ့်စာကိုပဲ တမင်အာရုံစိုက်ပြနေလိုက်သည်။သော်သော်နဲ့ ဘုန်းပြည့်ကတော့ တစ်ယောက်မျက်နှာတစ်ယောက်ကြည့်နေကာ သူ့ကို နားလည်ရခက်နေတဲ့ပုံ။မနက်ခင်းပိုင်း အတန်းချိန်တွေ ဆက်တိုက်တက်ပြီးသွားတာနဲ့ စားပွဲပေါ်က စာအုပ်တွေချက်ချင်းကောက်သိမ်းကာ
"ငါပြန်တော့မယ်"
"ဟင်...နေ့လည် အတန်းရှိသေးတယ်လေ"
"မတက်တော့ဘူး"
စကားကိုလိုရင်းပဲပြောပြီး အတန်းထဲကထွက်သွားတဲ့ ယံယံ့ကိုကြည့်ကာ
"သူတို့က တကယ်အတည်ကြီးပြတ်သွားကြတာလား"
"ဟိုနေ့ကဖြစ်တာ အဲ့ကိစ္စထင်တယ်"
"ဟုတ်လား ဘာတြွေဖစ်ကြတာလဲ"
"သေချာတော့မသိဘူး မှူးဆက်ငိုတောင်ငိုတယ် ခဏနေဦး ဟိုကောင်တွေဆီဖုန်းဆက်ကြည့်ဦးမယ် မှူးဆက် ကျောင်းလာလားလို့"