အပိုင်း(၃၀)Unicode

11.4K 1.1K 52
                                    

ညနက်နက်မှာ ဂစ်တာသံမတိုးမကျယ်က ခြံဝင်းထဲပြန့်သွားပြီးနောက် ခံစားချက်တွေပြည့်နေတဲ့အသံခပ်နက်နက်က နာကျင်နေသဖွယ်။

~~~ဘယ်တော့ငါ့ကို မင်းပစ်သွားမယ်~~~ငါမသိ~~~

~~~ဘယ်လောက်ငါ့ကို မင်းချစ်ဖူးတယ် ငါမကြည့်~~~

~~~ဘယ်ထိငါ့ကို မင်းလှည့်စားမလဲ ငါမသိခဲ့~~~

~~~ဒါတောင် အစအဆုံးမရှိ ချစ်ခဲ့သည်~~~

~~~ဘယ်လောက်ငါ့မှာ အကျိုးအမြတ်ရှိမယ် ငါမကြည့်~~~

~~~ဘယ်အခါစိတ်ကလေး ချမ်းမြေ့ရမယ် ငါမသိ~~~

~~~ဘယ်နေ့မင်းကြောင့် ဘဝပျက်သွားမလဲ ငါမသိခဲ့~~~

~~~ဒါကို ပုံအောလို့ ချစ်ခဲ့သည်~~~

~~~အလိုချင်ဆုံး~~~မင်းဆီက ငါမေတ္တာတရားလေ~~~

~~~အပိုဆုကလေးတောင်းပါဦးဆို သစ္စာရှိပါလေ~~~

~~~ခွဲပြလို့ရရင် ဒီရင်အနက်ရှိုင်းဆုံး ခွဲပြ~~~

~~~ငါဟာ မင်းအတွက် အသက်ရှင်နေထိုင်ဖြစ်တည်တဲ့ဘဝ~~~

ဆိုနေရင်းအဆုံးသတ်မှာ အသံတိမ်ဝင်သွားကာ ရင်ထဲက ဆို့တက်လာတာကြောင့် ဆက်မဆိုနိုင်တော့ပဲ သီချင်းသံရော ဂစ်တာသံပါ ရပ်သွားတော့သည်။ မလှမ်းမကမ်းမှာ ထိုင်နေတဲ့ ရဲသွေးက သူ့ဘက်ကို လှည့်ကြည့်လာပြီး

"ဆက်မဆိုနိုင်တော့ဘူးလား"

"သူနဲ့ငါ့ကြား ဘာတွေမှားနေလဲ မသိတော့ဘူး စကားလည်းမပြောဖြစ်ဘူး သေတော့မလိုပဲ ခံစားရတယ်"

"အေး မင်းအခုမသေသေးဘူးမလား မင်းက ဒေါသကြီးတာကို ဒီလိုကိစ္စက အေးအေးဆေးဆေးရှင်းရမှာ မင်းသဝန်တိုတတ်တာ ငါတို့သိတယ် ယံယံလည်း သိတာပဲ မင်းမကြိုက်တာ သူဘာမှမလုပ်ဘူးလေ အဲ့တော့ မင်းသဝန်တိုတာက သူ့ကိုမယုံသလို ဖြစ်နေတာပေါ့ "

"ငါ သူ့ကို မယုံတာမဟုတ်ပါဘူးကွာ စိတ်မချတာ"

စိတ်မချတာလို့ပြောမိ​ပြန်တော့ စိတ်မချလို့ဆိုတဲ့ ခေါင်းစဥ်ထဲအကုန်သိမ်းကြုံးမပစ်နဲ့ဆိုတဲ့ ယံယံ့စကားသံက ပြန်ကြားယောင်လာပြန်သည်။

သူ႔အခ်စ္မွာခိုနားခြင့္(သူ့အချစ်မှာခိုနားခွင့်)Unicode+ZawgyiWhere stories live. Discover now