အခန်း ၂၇ - လက်မလျှော့ချင်သေးဘူး

Começar do início
                                    

သူကားကို အိမ်ဘက်ပြန်မောင်းလာသည်။ ဒါပေမယ့် ယန်မင်ရှုက အိမ်မှာမရှိ။

သူ အိမ်ထဲကို ဝင်ဝင်ချင်း ကြမ်းပြင်ပေါ်ကျနေတဲ့ ဖုန်းကို လှမ်းမြင်ရသည်။ သူ ဖုန်းဆီကို လျှောက်သွားပြီး ကောက်လိုက်သည်။ screen ကွဲနေပေမယ့် စက်ကတော့ ကောင်းသေးတယ်။ screen က အက်ရာတွေများလွန်းလို့ သေချာမမြင်ရတော့ပေမယ့် missed call တွေ အများကြီးဝင်ထားတာကိုတော့ မြင်နေရသေးသည်။

ကျိုရှီအန်း သူ့ဖုန်းကို အားသွင်းပြီး လန်ရှီရောင်ကို ဖုန်းခေါ်ဖို့လုပ်သည်။ ဖုန်းခေါ်နေရင်းနဲ့မှ လန်ရှီရောင်ဖုန်းက သူ့လက်ထဲမှာရှိနေတာကို သတိရသွားသည်။

သူ လန်ရှီရောင်ရဲ့ဖုန်းကို ဒီတိုင်းပဲ အိမ်ကိုယူလာခဲ့မိတာ။ လန်ရှီရောင်လို အလုပ်များတဲ့လူတစ်ယောက်ဆီကို ဖုန်းcall တွေများကြီးဝင်ပြီး အဲဒီ့ထဲမှာ အရေးကြီးတဲ့ ကိစ္စတွေလည်း အများကြီးပါမှာ သေချာသည်။ သူ့ကြောင့် အလုပ်တွေ ဘယ်လောက်တောင် နှောင့်နှေးသွားမလဲ မသိ။

သူ ချိုင်ဝေ့ကို မြန်မြန်ဖုန်းခေါ်ပြီး လန်ရှီရောင်ရဲ့ assistant ဖုန်းနံပါတ်ကို မေးသည်။ assistant ကနေတစ်ဆင့် လန်ရှီရောင်ကို ဖုန်းခေါ်သည်။

"ဟဲလို၊ အကိုရှီအန်းလား။" လန်ရှီရောင်အသံက နည်းနည်း အံ့သြနေပုံပေါက်သည်။

"ရှီရောင်၊ ဆောရီးကွာ။ မင်းရဲ့ဖုန်း ကိုယ့်ဆီမှာ။"

"အမ်။"

"ကိုယ်မင်းကို မနေ့က ပြန်လိုက်ပို့တော့ မင်းဖုန်း ကြမ်းပြင်ပေါ်ကျနေတာကို၊ တို့နှစ်ယောက်ကိုင်တဲ့ ဖုန်းအမျိုးအစားကတူနေတော့၊ ကိုယ့်ဖုန်းလို့ထင်ပြီး ယူလာမိတာ။ ကိုယ်သေချာ ဂရုမစိုက်မိလို့ ဖုန်းကွဲသွားတယ်။"

လန်ရှီရောင် စိတ်သက်သာရာ ရသွားပုံရသည်။ "အော်၊ တော်သေးတာပေါ့။ ဖုန်းက အရေးမကြီးဘူး၊ ဖုန်းထဲက နံပါတ်တွေနဲ့ အချက်အလက်တွေကပဲ အရေးကြီးတာ။ တစ်ယောက်ယောက်သာ ကောက်ရသွားရင် ပြဿနာ တက်ပြီပဲ။"

"ဆောရီး။ ကိုယ်မနေ့က ခေါင်းရှုပ်သွားတယ်။ မင်းဘယ်မှာလဲ၊ ကိုယ် ဖုန်းအသစ်တစ်လုံးဝယ်ပြီး ပို့ပေးလိုက်မယ်။"

လူစားထိုး သရုပ်ဆောင် (translation, unicode)Onde as histórias ganham vida. Descobre agora