58 (zawgyi+unicode)

16K 1.2K 50
                                    

Unicode

" မန်နေဂျာ အကိုကြီး လက်မှတ်လေးတစ်ချက်လောက်.. "

ပြီတီတီ ပြုံးစိစိမျက်နှာဖြင့် အခန်းထဲ ဝင်လာပြီး ဖိုင်တွဲ ထိုးပေးနေတဲ့ ခန်ကြောင့် Alex ပါရောရီလိုက်မိသည်.. ပြီးမှ ခန်နောက်ကို လှမ်းကြည့်တော့ အားလုံး သူ့အလုပ်နဲ့ သူရှုပ်နေလို့ သူတို့ကို မမြင်ကြ...

"ဘာတွေပျော်နေတာလည်းခန်..  ဟမ်.. မနက်ကတော့ Rose ရှေ့မှာ ညိုးငယ်နေတဲ့ မျက်နှာလေးနဲ့.. "

ပြောရင်းနှင့်ပင် ဖိုင်တွဲကို ဖွင့်လိုက်တော့ ကုန်ကြမ်း ပြောင်းလဲခြင်း ကိစ္စကို လက်မှတ်ထိုးရန် တင်ထားသော စာရွက်ပေါ်တွင် အဝါရောင် note pad လေးတစ်ခုကပ်ထား၏..  စာအရင် မဖတ်ဘဲ ခန်ကို မော့ကြည့်မိတော့ ပြုံးစိစိ လုပ်နေသည်.. 

အဝါရောင် note လေးပေါ်တွင်

' Manger အကိုကြီး ခင်ဗျား ညနေ ရုံးဆင်းရင် ရုပ်ရှင် သွားကြည့်ဖို့ လက်မှတ်ဝယ်ရန်အတွက် သဘောတူကြောင်းလက်မှတ်လေးထိုးပေးပါ ခင်ဗျား  ံ3 ံ "

ဟူ၍ ချစ်စဖွယ် ကောင်းအောင်ရေးသားထားသည်....  Alex သည် သဘောတကျရီရင်းနှင့်ပင် ထို ကပ်ခွာလေးရဲ့ ထောင့်စွန်းတွင် လက်မှတ်ထိုးပေးကာ..  တကယ့် ရည်ရွယ်ချက်ဖြစ်သော report ပေါ်တွင်လည်း စာသေချာ စစ်ကာ လက်မှတ်ထိုးပေးလိုက်သည်..

ခန်သည် ချက်ချင်းပင် ကတ်ခွာလေးကို ဆွဲခွာ၍ အိတ်ကပ်လေးထဲ ထည့်လိုက်၏.. 

"ညနေ စောစောပြီးအောင်လုပ်ထားနော် ဒီကြားထဲ လစ်ရင် ကားသော့ လာယူထားမယ် ကားပေါ်မှာ စောင့်နေမယ်နော်.. "

ဘယ်သူမှ မရှိသော အခန်းထဲတွင် ပါးစပ်ကို လက်ဖြင့်ကွယ်ကာ ဟိုကြည့်ဒီကြည့်ဖြင့် တိုးတိုးလေးပြောနေသော ခန်ကိုကြည့်ရင်း Alex အသည်းတယားယား ဖြစ်လာသည်..  အကယ်၍သူ့အခန်းသာ မှန်ကာထားတာမဟုတ်ရင် ထိုနေရာတွင်ပင် ခန်ကို ဆွဲနမ်းလိုက်ပြီး ဖြစ်သည်.. 

ဘာလို့ ဒီကောင်လေးကို သူတစ်စစ ပို၍ တိုး၍ ချစ်လာရသည်နည်း..  လူတစ်ယောက်က ဒီလောက်တောင် လွန်ကျူးစွာ ချစ်ဖို့ကောင်းဖို့လိုလို့လား.. သူများတွေများ သူအတွေးတွေကိုကြားသိလျင် အကဲပိုသည်ဟုထင်နိုင်သည်..  ဒါပေမဲ့ သူဘယ်လောက်ချစ်ချစ် ချစ်မဝပေ..

Tell me yoU LoVe me ( Under Editing )Where stories live. Discover now