33(Zawgyi+Unicode)

21.6K 1.7K 28
                                    

Unicode

၄၀၃ လို့ရေးထားတဲ့ အခန်းတံခါးရှေ့ ခန်သူရိန် တစ်ယောက် ရပ်လိုက်သည် .. လက်နှစ်ဖက်လုံး ငစိုင်းမှာထားတဲ့ ပစ္စည်းတွေအပြည့်ဖြစ်နေတာဆိုတော့ တံခါးခေါက်လို့မရ .. ခြေထောက်နဲ့ အသာလေး တဒုန်းဒုန်း ထုပေးလိုက်သည် ..

"ဖြည်းဖြည်းခေါက်ပါကွာမင်းကလည်း .."

face mask ကြီးနဲ့ ကာတွန်း အကျႌ ဝမ်းဆက် ဝတ်ထားတဲ့ ငစိုင်းက ဖုန်းထဲက သူ့ရဲ့ အသံလိုသနားချင်စရာ မကောင်း.. အမြင်ကပ်ချင်စရာကောင်းသည် ..

တစ်ခါမှ မရောက်ဘူးတဲ့ နေရာဆိုပေမဲ့ ကိုယ့်အိမ်ကိုယ့်ယာလို ဝင်သွားပြီး အထုတ်တို့ကို ပစ်ချကာ ခုံမရှိသ၍ ကုတင်ပေါ်ထိုင်ချရန် တင်ပါးလေး ကုန်းနေတုန်း တန်းလန်းမှာ အော်ခံလိုက်ရသည် ..

"ဟေ့ကောင် .. မင့်ခြေထောက်နဲ့ ကုတင်ပေါ်မတက်နဲ့ကွ အဲဒါ ငါအိပ်တဲ့ အိပ်ယာ .."

"အဲဒါဆို ငါကဘယ်မှာ ထိုင်ရမှာလည်း .."

"အောက်မှာ ထိုင် ငါ ဖျာခင်းပေးမယ် .."

"မင်းက အဲလောက်တောင် မွဲသွားပြီလား .. "

"မဟုတ်ပါဘူး .. ဒီမှာ က ခဏတာ လောက်ပဲ နေဖြစ်တာဆိုတော့ မဝယ်ထားတာဘာမှ .."

"face mask တော့ဝယ်ဖြစ်တယ်ပေါ့ .."

"ရေသောက်မလား အအေးသောက်မလား .. အကုန်လုံး မင်းဝယ်လာတွေကြီးပဲ ဟဲဟဲ.."

"cola တစ်လုံးပေး .. ပြီးတော့ လာစမ်းပါဦး ရှင်းစရာ လင်းစရာလေးရှိတယ် .."

ဖန်ခွက်မရှိ၍ စတီးခွက်ထဲ ရေခဲတုံးလေးတွေထည့်ပြီး 1+1 နဲ့ရတဲ့ cola ဘူးကြီး မကာ ငစိုင်းတစ်ယောက် ဘေးမှာ ထိုင်ချလိုက်သည် .. ခွာလိုက်တဲ့ mask အောက်က သူ့မျက်နှာက နွမ်းနေသလားလို့ ..

"အေး ပြောပြမယ် ငါလည်း ပြောပြချင်နေတာ .. ဒီလို.."

"ဟိုး.. ဟိုး .. အစကနေ အဆုံးပုံပြင်ပြောသလို မပြောနဲ့ main point ပဲပြော .. ရှုတ်ပါတယ် ငါမေးတာပဲဖြေတော့ .. မင့်ရည်းစားကဘယ်သူလည်း.."

မေးခွန်းအဆုံးမှာ မျက်နှာလေးငယ်ကျသွားတဲ့ ငစိုင်းကြောင့် စကားခပ်မာမာ ပြောမိတာအားနာမိသွားသည် .. သူလည်းစိတ်ညစ်နေမှာကို မတွေးလိုက်မိဘူး ..

Tell me yoU LoVe me ( Under Editing )Wo Geschichten leben. Entdecke jetzt