51(Zawgyi+Unicode)

22K 1.6K 123
                                    

Unicode

ဆူဆူညံညံ မြန်တွန်လာတဲ့ ခေါင်းဦးဘေးက phone alarm ကို မပွင့်သေးတဲ့ မျက်စိကို အတင်းပြူးပြဲရင်း အမြန် ပိတ်ချလိုက်ရသည် .. ဘေးက အကို့ကို လှည့်ကြည့်လိုက်တော့ အနည်းငယ် လှုတ်ပြီး တွန့်လူးသွားပေမဲ့ ငြိမ်းချမ်းစွာ အိပ်နေဆဲပေ ..

ပြတင်းပေါက်မှ အပြင်ရာသီဥတုက မဲမှောင် နေသည် .. ဒီရက်ပိုင်း မိုးရွာသဖြင့် မနက်ပိုင်းတွေဆို အေးတတ်သည် .. လှစ်ဟ ပေါ်နေတဲ့ အကို့ လက်မောင်း ကျစ်ကျစ်ကို အသာ ထိကြည့်တော့ အေးသယောင်ယောင် ရှိနေတာမို့ ဘေးခုံပေါ်က remote ကိုယူကာ aircorn ပိတ်လိုက်သည် .. ထို့နောက် ခြေရင်းနားထိုး နေသည့် စောင်ကို ဆွဲယူကာ .. ဘာမှ မကာကွယ် ထားသော အကို့ ခန္ဓာကိုယ်ကို ခြုံပေးလိုက်၏ ..

ကုတင်အောက်နား လွှင့်နေသော ဘောင်းဘီ တစ်ထည်ကို သန်းဝေရင်း လှမ်းစွတ် လိုက်ပြီးမှ ထိုဘောင်းဘီ ရှည်က အကို့ဟာမှန်းသိ၏ .. ကိစ္စတော့မရှိ .. ဘာပဲ ဖြစ်ဖြစ် ပေကျံနေတာဆိုတော့ လျှော်ရမှာပါပဲလေ ..

ထရမယ် .. သွားစရာလာစရာရှိတယ် ဆိုပေမဲ့ ကုတင်ပေါ်မှ ငုတ်တုတ်ထိုင်ရင်း ငိုင်နေမိ၏ .. အိပ်ရေးမဝလို့ .. ရှုတ်ပွနေတဲ့ ဆံပင်အား အားရပါးရသန်းဝေရင်း ထိုးဖွကာ ဟိုကုတ်ဒီကုတ် လုပ်လို့အားရမှ ကုတင်ပေါ်က ဖြည်းဖြည်းထလိုက်၏ .. မဖြည်းလို့မရ .. ခါးနာနေသည် ..

သိပ်မကြည်လင်နေသေးတဲ့ အာရုံတွေ ကြည်လင်သွားအောင် မျက်နှာကို ရေအေးအေး ဖြင့် သစ်ချလိုက်၏ .. နည်းနည်း အာရုံရလာတော့မှ မှန်ရှေ့က ရေစိုရွဲနေသည့် ကိုယ့်ကိုပြန်ကြည့်မိ၏ ..

လက်မောင်းမှာ ထင်းနေတဲ့ ကိုက်ရာကြောင့် ခန်သူရိန် ရှုံ့တွသွားသည် .. ဒီနေ့ လက်တို ဝတ်မို့ပါဆို .. လက်ရှည်ကြီး ဝတ်ရတော့မယ် .. တော်သေးတာပေါ့ ရာသီဥတုက သာယာနေလို့ ..

အပြာရောင်သွားတိုက်တံလေးကို သွားတိုက်ဆေး အစိမ်းရောင်လေးထည့်ကာ မျက်လုံးတို့မှိတ်ရင်း စိမ်ပြေနပြေ သွားတိုက်နေ၏ .. ငိုက်ရင်းပေါ့ ..

ခါးတစ်ဝိုက်မှ ဖက်တွယ်မှု နှင့် ပုခုံးပေါ် ကျလာသည့် လေးလံမှုကြောင့် မျက်လုံးဖွင့်ကြည့်လိုက်တော့ မှန်ထဲ တွင် ရောင်ပြန်ဟပ်နေသည်က ကျွန်တော့် ပုခုံးကို မေးတင်ကာ အပြီ မတ်တပ်အိပ်နေသော အကိုပေ ..

Tell me yoU LoVe me ( Under Editing )Where stories live. Discover now