56 (Zawgyi+Unicode)

15.5K 1.2K 57
                                    

Unicode

"အကို.. ခဏ.. ခဏ ကားရပ်ပေး.. "

"ဟမ်ဘာဖြစ်လို့လည်း.."

ပါးစပ်က အမေးစကား ပြောလိုက်ပေမဲ့ လက်ကတော့ နာခံစွာဖြင့်ပင် ကားကို လမ်းဘေးချရပ်ပေးလိုက်သည်.. ကားရပ်ရပ်ခြင်း Alex ပိုက်ဆံအိတ်ကို နှိုက်ပြီး ပြေးဆင်းကာ ပြောင်းဖူးပြုတ်သွားဝယ်တဲ့ ခန်ကြောင့် Alex ရီမိသည်.. ငလည်လေး ပိုက်ဆဲအိတ်တောင် သေသေချာချာ နှိုက်ယူသွားသေးတယ်..

ကားပေါ် ပြန်တက်လာတဲ့ ခန်က ပြောင်းဖူးပြုတ်ပူပူ လေးနှစ်ဖူးနဲ့ ကန်စွန်းဥ သုံးဥ ကို သေချာခွာကာ စိမ်ပြေနပြေစားနေသည်.. သူလည်းဗိုက်ဆာပြီး ပင်ပန်းရှာမှာပေါ့..

Alex လည်းရီလျက်ပင် ကားကို စက်ရုံရှိတာ မြို့ပြင်သို့ မောင်းထွက်လာခဲ့သည်..  လမ်းတစ်လျှောက်လုံးစားလိုက် စကားများလိုက်ဖြင့် ခန်သည် ပေါက်ပေါက်ဖောက်လျက်လိုက်ပါလာခဲ့သည်..  ကားတွေကြပ်နေတာမို့ အချိန်တွေ ပိုကြာနေသည်ကို ခန်သည် ခရီးထွက်လာသည်ဟုထင်နေလားမသိ ပျော်ရွှင်စွာ လိုက်ပါလာသည်.. 

မြို့ပြင်လောက်လေး တူတူ ထွက်ရသည်ကို ပျော်နေတဲ့ ခန်ကိုကြည့်ရင်း သူစိတ်မကောင်းဖြစ်မိသည်..  အရင်ကလည်း သူခန်အတွက် သေချာအချိန်မပေးနိုင်ခဲ့..  အခုလည်း ဘာမှမထူးခြား..  သူခန်နဲ့ အေးဆေး အပြင်ထွက်ခဲ့တဲ့ နောက်ဆုံးက သူတို့ လက်ထပ်ပြီးတဲ့အချိန်ပင်ဖြစ်သည်.. နောက်ပိုင်း သူအလုပ်နဲ့ ခန်စားမေးပွဲနဲ့ မအားမလပ်.. 

စစခြင်းတုန်းက ခန်သည်ယုန်ဖြူလေးလို ငြိမ်လွန်းတာမို့ အားမရခဲ့ပေမဲ့..  အဲဒီချိန်တုန်းက ခန်ရဲ့ စိတ်နေစိတ်ထားကို အကုန်မှန်းလို့ရသည်..  ပြောင်းလဲသွားတဲ့ အမူအရာ တစ်ခုခြင်းစီကို ကြည့်ရင်း သူပျော်နေလား ဝမ်းနည်းသွားလား စိတ်မကောင်းဖြစ်သွားလား သိနိုင်သေးသည်..  အခုသူ့ဘေးက ခန်သည် ရင့်ကျက်လာသည်ပဲပြောမလား..  ခန့်မှန်းဖို့ခက်လာသည်..  Alex ရဲ့အရိပ်အခြေကို ကြည့်၍ တော်ယုံကို ဖွင့်မထုတ်တော့.. 

Alex သည် ကားမောင်းနေရင်း ဘေးကခန်ကို လှည့်ကြည့်မိသည်..  ဟိုးအရင်းကနဲ့ယှဉ်ရင် နည်းနည်းလေးဝလာသည်..  ပါးလေးတွေ ကစ်ကစ် လေးဖြစ်လာသည်..  ချစ်ဖို့ကောင်းနေတုန်းပင်..  ပိုတောင်ချစ်ဖို့ကောင်းလာသေးသည်.. 

Tell me yoU LoVe me ( Under Editing )Where stories live. Discover now