2 - အိမ်တက်ပွဲ

47.3K 3.3K 11
                                    

Unicode

" အိမ်တက်ပွဲ "

ရန်ကုန်မြို့ ၏ အိမ်ယာ တစ်ခုအတွင်းရှိ တိုက်ခန်းတစ်နေရာ ..   တစ်နည်းအားဖြင့် အသက် ၁၈ နှစ်အရွယ် 'ခန်သူရိန်' နှင့် အသက် ၃၀ အရွယ် 'Alexထွဋ်ခေါင်' တို့တူတူနေကြမဲ့ အိမ်အသစ်...

ခန်သူရိန်ဆိုတာ မနေ့ တစ်နေ့ ကမှ မိဘ တွေကို ချွဲလိုက် ဆိုးလိုက်နဲ့ နေနေ ပေမဲ့လည်း.. မမျှော်လင့်ဘဲ အခုကျတော့ မိဘများနှင့်ခွဲကာ ဒီ အိမ်ယာ ဒီတိုက်ခန်း သို့ နေထိုင်ရန် ရောက်လာခဲ့ပြီ...

မနေ့က စပြောင်းတဲ့နေဖြစ်လို့ ဒီနေ့ လူကြီးတွေက အိမ်တစ်အိမ်ပြောင်းရင် လုပ်ရတဲ့ ထုံးတမ်းအစဉ်အလာအရ အိမ်တက်ပွဲလုပ်ရမယ်ဆိုသောရိုးရာဓလေ့ကြောင့် .. အခု အိမ်အသစ်တွင် ဧည့်သည်များစည်ကား လျက်...

မိတ်ဆွေ အပေါင်းအသင်းများသော အသိုင်းအဝိုင်းက သူတွေဖြစ်တာမို့ အိမ်တက်ပွဲတွင် ဧည့်ပရိတ်သတ် တအားမများပေမဲ့ လည်း နည်းတော့မနည်းပေ.. သူဟာနဲ့ သူလေးပေါ့ .. ခက်တာကအများစုကို ခန်သူရိန်မသိ..

အကျဉ်းချုံး အိမ်တက်ပွဲတစ်ခုအနေနဲ့ ပြုလုပ်တာမို့လို့ လာရောက်ကြသော ဧည့်သည်များက စိတ်နှလုံးဖြူစင်စွာ ပြုံးရွှင်နေသလို ထင်ရပေမဲ့လည်း ..

ပွဲကို ချီးမြှောက်ဖို့လာသည်ထက် သိချင်စိတ် စပ်စုချင်စိတ် တို့က ပိုသာနေမယ်ဆိုတာတော့ မေးကြည့်စရာ လိုမယ်မထင်...ဟန်ဆောင်ထားသော အပြုံးမျက်နှာ နောက်ကွယ်မှာ ကြားထားတဲ့ သတင်းမှန်နေလားဆိုတာကို ကိုယ်တိုင်လာရောက် စစ်ဆေးနေကြခြင်းဖြစ်သည် ..

လူတွေက ကောင်းသတင်းဆိုရင် မသိမသာ ကျော်သွားမှာ ဖြစ်ပေမဲ့ မကောင်းသတင်း သာဖြစ်ခဲ့ရင် ရပ်ကျော်ရွာကျော်အထိ သတင်းဖြန့်ကာ ပြောကြမှာဖြစ်သည် .,

အင်းပေါ့ ... သူတို့မပြောနဲ့  ကံယာကံရှင်ဖြစ်တဲ့ ခန်သူရိန်တောင် ခုချိန်ထိ ဖြစ်ပျက်နေတာ ၊ ဖြစ်ပျက်ခဲ့တာတွေက လက်တွေ့ကော ဟုတ်ရဲ့လား ... ငါ အိပ်မက်လားလို့ အံသြကောင်းတုံး မယုံကြည်နိုင်နေတုံးပင်ဖြစ်သည် .. ထို့ကြောင့် အကြောင်းမရှိဘဲ သူတို့ နှစ်ယောက် တူတူ နေဖို့ ရုတ်တရပ်ကြီး စီစဥ်ကြတာကို ဘာ့ကြောင့်လည်းဆိုတာ လူတွေ စပ်စုချင်တာ မဆန်းဘူးဟု သူခံစားရသည် ..

Tell me yoU LoVe me ( Under Editing )Where stories live. Discover now