44 (Zawgyi+ Unicode)

20.2K 1.6K 79
                                    

Unicode

ဆိုဖာပေါ်၌ငြိမ်သက်စွာ ထိုင်နေရင်း အမယမင်းလက်ထဲမှ အိမ်ရှိလူကုန်ချော့မြူခြင်းခံနေရတဲ့ ကလေးမကို ခန်သူရိန်ငေးကာကြည့်နေမိ၏ .. ဘေးမှအကိုက စောင်းကြည့်တော့လည်း ကလေးမကိုသာ ကြည့်နေရဲ့ ..

'အမ မနက်က မိဘမဲ့ ဂေဟာ ကိုသွားရင်း ဒီကလေးမလေးက အမကို အရမ်းဆွဲထားလို့ ခွင့်ပြုချက်တောင်းပြီးခေါ်လာတာ' ဆိုတဲ့ အမရဲ့ စကားကို စိတ်ထဲမှတိုက်ဆိုင်လှချည်လား ဆိုသည်ကလွဲရင် ကျန်တဲ့ မှတ်ချက်မပေးမိ ..

မိမိ တို့နဲ့ ဘယ်လို ပတ်သတ်ခဲ့သည်လည်း သိသွားတော့ အန်တီ တို့ကအမတို့က ပို၍ ဂရုဏာ သက်ကြလေသည် ..

ကလေးမှာ အပြစ်မရှိဘူး ဆိုပေမဲ့ ...

အင်း ... ကလေးမှာ အပြစ်မရှိပါဘူးလေ ... ခန်သူရိန် မကောင်းတဲ့ စိတ်တွေနဲ့ လူယုတ်မာ မဖြစ်ချင်စမ်းပါနဲ့ ..

ဒါပေမဲ့လည်း လာသည့် အကြောင်းအရင်းပျောက်အောင် ကလေးအပေါ် စိတ်ဝင်စားပြနေတဲ့ အကို့ ကြောင့်သာ စိတ်တွေ တွေဝေလေးလံ ကုန်၏ ..

ကျွန်တော် ခပ်သာသာ သက်ပျင်းချလိုက်မိ၏ .. ဤသည်ကို အကိုကြားသွားတော့ ကျွန်တော့်ကို လှည့်ကြည့်လာသည်.. ထိုနောက်မှ အကြောင်းအရင်း အမှန်ကို သတိရသွားသလို ပေါင်ပေါ် ကလေးကို ခေါ်နေတာကို ရပ်ပြီး နောက်မှီထိုင်ချလိုက်၏ ..

"အမေ .. ကျွန်တော် တို့ ပြောစရာရှိလို့ .."

ကလေးကို ရီအောင် လုပ်ပြနေတဲ့ အန်တီက အကို့စကားအဆုံးမှ စူးစမ်းသလို ကျွန်တော် တို့ကို လှမ်းကြည့်၏ .. ထိုနောက် အသာပြုံးပြ၏ ..

"ပြောလေ သား .."

"ကျွန်တော် နဲ့ ခန် ရဲ့ ဆက်ဆံရေးကို ချစ်သူ ရည်းစား အနေနဲ့ ပြောင်းလဲတော့မယ် အမေ .. "

အကို့စကားအဆုံး၌ သူ့ကို မော့ကြည့်မိသည် .. မကြိုက်လို့တော့ မဟုတ်ပေမဲ့ အကို့ စကားကို သိပ်ဘဝင်မကျ .. ခုဏက စိတ်လေးနေလို့ပဲ မကောင်းမြင်နေမိတာလားတော့မသိ .,.

"သေချာလားသား .."

တည်တည်တံ့တံ့ အနေအထား နဲ့မေးလာတဲ့ အန်တီကြောင့် ကျွန်တော် ခေါင်းငုံ့လိုက်မိ၏ .. အမေတို့အိမ်မှာ တုန်းစိတ်ထဲစနိုးစနှောင့်တောင် မဖြစ်ခဲ့ပေမဲ့ ဒီမှာကျ တစ်မျိုးကြီးပဲ အပြစ်လုပ်ထားမိသလို ခံစားချက်ကြီးက နေလို့မကောင်း .. ဒါပေမဲ့လည်းဒါက အပြစ်မှ မဟုတ်တာ အားငယ်စရာ ဘာကိစ္စမှ မရှိ ..

Tell me yoU LoVe me ( Under Editing )Where stories live. Discover now