34(Zawgyi+Unicode)

21.8K 1.8K 72
                                    

Unicode

[ Media ကသီချင်းလေးက ထွေထွေ ထူးထူး တော့မဟုတ်ပါဘူး ..  အခြေအနေနဲ့ကိုက်လို့ထည့်ထားတာလည်းမဟုတ်ဘူး .. မဒီ စာရိုက်ရင်း နားထောင်နေတဲ့ သီချင်းက အဲဒီ Hope Not လေးဖြစ်နေလို့ စာဖတ်သူ တွေ မဒီရဲ့ ဒီစာရိုက်နေတဲ့ အချိန် feeling လေး ကိုသိစေချင်လို့ပါ .. စိတ်ဝင်စားရင် ဖွင့်ပြီး ဖတ်ကြည့်ကြပါလားလို့ .. ]
  (^з^)-☆   

--------------------------------

၁၀ နာရီဆိုတဲ့ အချိန်ကွက်တိမှာ ချိန်းဆိုထားတဲ့ cafe ဆိုင်ရှေ့သို့ရောက်နေပေမဲ့ တစ်ခုခုက ဆွဲထားသလို ဆိုင်ထဲမဝင်ချင် ..သို့ပေသည့်တိုင်အောင် ရှောင်ပြေးတာတွေ များနေပြီဖြစ်တာမို့ မလုပ်သင့်တော့ .. ခပ်သွက်သွက်ပင် ကားတံခါးဖွင့်ကာ cafe ဆိုင်ရှိရာ ဆိုင်ထဲသို့ ဝင်သွားလိုက်သည် ..

အလွယ်တကူ ဆိုင်အပြင်ကနေမြင်နေရတဲ့ မျက်နှာစာဖက် မှာ သူမထိုင်နေသည်ကို မှန်သာ ကာရံထားသည့်အတွက်မြင်နေရသည် .. ခပ်မြင့်မြင့် စီးနှောင်ထားတဲ့ ဆံပင် ဖြင့်ခေါင်းကိုငုံ့ကာ ထိုင်နေသည် .. ရှေ့မှာ ကော်ဖီတစ်ခွက်ဖြင့် ..

လွတ်လပ်နေသည့် သူမရဲ့ ရှေ့တည့်တည့် ထိုင်ခုံမှာမထိုင်သေးပဲ ဘေးမှာရပ်နေမိသည် .. လူရိပ်ကျတော့ သူမကမော့ကြည့် လာသည် .. မရီမပြုံး ကျွန်တော့် မျက်နှာကြောင့် သူမက အားနာစိတ်အပြည့်ရှိသော မျက်လုံးတို့ ခပ်ရေးရေးပြုံးပြသည် .. တုံ့ပြန် အပြုံးတို့ဆိုတာ မပေးသင့်တာဖြစ်၍ အပိုရပ် မနေဘဲ ခုံမှာသာဝင်ထိုင်လိုက်သည် ..

ထိုင်ထိုင်ခြင်းရောက်လာသော ဝန်ထမ်းကောင်လေးကို Americano တစ်ခွက်မှာရန်ပြင်လိုက်ပေမဲ့ .. ရှေ့ကသူမသည်လည်း Americano ဟုစာတန်းပါသော americano တစ်ခွက်အလားတူမှာထားသောကြောင့် .. Traditional တစ်ခွက်ပေးပါဟုမှာလိုက်သည် ..

တစ်ချိန်တစ်ခါက မိမိနဲ့ အစစအရာရာ အလွန်တူလှ သည့်သူမကို အရမ်းသဘောကျကာ ထိုသို့တူညီမှုကိုလည်း ပျော်မဆုံးဖြစ်ခဲ့ဘူးသည် .. အခုကျတော့ အားလုံးကဟန်ဆောင်မှုဟုသာထင်နေမိသည် .. ဘယ်လောက်ပဲ စိတ်ရင်းမှန်ဖြစ်ခဲ့..

"မောင် .. မဟုတ်ဘူး .. မောင်လို့ခေါ်ခွင့်ဘယ်ရှိပါ့မလဲနော် .. Alex .."

Tell me yoU LoVe me ( Under Editing )Where stories live. Discover now