40(Zawgyi+Unicode)

25.6K 1.9K 137
                                    

Unicode

နိုးစက်ရဲ့ တတီတီ သံကို လှမ်းပိတ်လိုက်သည် .. နိုးစက် မမြည်ခင်ထဲက နိုးပြီးကုတင်ပေါ်မှာထထိုင်နေတာကြောင့် နိုးစက်အကူအညီမလို အပ်တော့..

"ခန် .. ထကွာ ဒါပါနဲ့ဆို ငါးမိနစ်က ခြောက်ခါရှိနေပြီ .. ကိုယ်အလုပ်ရှိသေးတယ် .."

"ဟင့်အင်း.. ဟင့်အင်း .. မနိုးသေးဘူး .."

ထိုင်နေတဲ့ ကျွန်တော့်ခါးကို ဖက်ကာ ကို့ရို့ကားယားအတင်းအိပ်နေတဲ့ ခန်ကြောင့် စောစောစီးစီး စိတ်ကြည်လင်စွာပြုံးလိုက်မိသည် .. တကူးတက နိုးနေရဲ့သားနဲ့ မထဘဲ ပေတေပြီး မှိန်းနေတယ် .. သူတင်အားမရ ကျွန်တော့်ကိုပါ အတင်းထမသွားအောင် ခါးကနေဆွဲထားသေး၏ ..

ကျွန်တော် ခန်ကို ပွေ့ဖက်ချင်တယ် နမ်းရှိုက်ချင်တယ် .. ဒါပေမဲ့ အခုမှ စတဲ့ relationship တစ်ခုကို ချက်ချင်းကြီး အသားမယူချင်.. ခန်အနေနဲ့ အရမ်းရုပ်တရပ် ဆန်နေမှာ စိုးရိမ်သည် .. ဒါပေမဲ့ ကျွန်တော်ကသာ တွန့်ဆုတ်နေတာတာ ခန်ကတော့ ပွင့်ပွင့်လင်းလင်းပေ.. အခုပဲကြည့် ကျွန်တော့်အတွေးကိုမသိဘဲ မကြောက်မလန့် ကျွန့်တော့်ခါးကိုဖက်ကာ ပေါင်ပေါ်ခေါင်းဦးထားသည် ..

ပေါင်ပေါ်မျက်နှာတင်ထားသဖြင့် ပိနေတဲ့ ပါးလေးက ပုံ့ပုံ့လေး အပေါ်မို့တက်နေသည် .. နဖူးပေါ် ကဆံပင်လေးကို သပ်ပေးပြီး ခန်ပြောသလိုလို ရိုဆန်ဆန်လေး နဖူးလေးကို အနမ်းပေးချင်ပေမဲ့ လူက ခါးရှည်နေတော့ ကို့ရို့ကားယားကုန်းမရ .. ဒင်းက အတင်းဖက်ထားသေးတယ် ..

"မနိုးတဲ့သူကစကားပြောမလား .. ဟင် baby .."

"ခေါ်ပါနဲ့ဆို အဲလို ..!! ခဏပဲ တကယ်ခဏပဲ .."

အလကား လူလည်လုပ်လေး.. မနေ့က မပြောမဆို လုပ်ချလိုက်တဲ့ ကိစ္စကြောင့် အိပ်ချင်ယောင်ဆောင်နေတာမသိရင် ခက်မယ် .. ကိုယ့်မှာ သူ့အပြောကြောင့် သူ့အမေကို အသည်းအသန်ဖုန်းပြန် ဆက်ပြီး တောင်းပန်ရသေးသည် .. ဒါကို ကိုယ်တော်လေးက စိတ်ကောက်ချင်သေးတယ် ..

ဘာတဲ့ သူက လက်နဲ့ရေးတာကို အကိုက ခြေနဲ့ဖျက်တယ်ဆိုပဲ ..

"ထ.. ထ ..ထ တော့ အပျင်းတစ်မနေနဲ့ ကိုယ် နေ့တစ်ဝက်ရုံးသွားရဦးမှာ .. နေ့လည် အိမ်ပြန်ရမှာစိုးလို့ မုန်လာဥ လုပ်မနေနဲ့ခန် .."

Tell me yoU LoVe me ( Under Editing )Wo Geschichten leben. Entdecke jetzt