17 (Zawgyi +Unicode)

26.9K 2.1K 11
                                    

ရ လဆိုတဲ့ အချိန်ကာလတစ်ခုဟာ ကျွန်တော်တို့နှစ်ယောင်ကိုတော်တော်ရင်းနှီးမှုရစေသလို ကျွန်တော့်ကို တစ်ချို့တစ်ချို့သော အကျင့်လေးတွေရစေတယ် ..
ဥပမာ သူခေါ်နေကျ ခန် တို့ baby တို့ စတဲ့ အသည်းယားစရာ နာမ်စား တို့ကို အကျင့်ရသွားတာတို့ ..
မနက်တိုင်းရေချိုးခန်းထဲမှ ရေကျသံဟာ ကျွန်တော့်အတွက် နှိုးစက်လို ဖြစ်သွားတာမျိုး ..
မနက်စာ ကို အစာကြီး မစားတဲ့ ကျွန်တော်က အခုတော့ သူအလုပ်မရှုတ်စေရန် သူစားနေကြ ထမင်းကြော်ကို စားတတ်သွားတာမျိုး..
ရအောင်အချိန်ပေးတဲ့ သူ့ကြောင့် ညနေစာဆို စောင့်ပြီးတူတူစားတတ်လာတာမျိုး ..
ပိတ်ရက်တိုင်းလည်းသူနဲ့ အတူ အပြင်ထွက်ရင်ထွက် မထွက်ရင် ရုပ်ရှင်တူတူကြည့်တတ်တဲ့ ထုံးစံ ဖြစ်လာတာမျိုး ..
အအေးကြိုက်တတ်တဲ့သူ့ကြောင့် အေးစိမ့်နေသော အခန်းဒဏ်ကို ခြုံစောင် အပြင်မလုံလောက်တဲ့ အခါ ညဘက်တွေဆိုသူ့ဘက်ကိုတိုးကာ ကိုယ်ငွေ့ယူပြီးမှဆက်အိပ်နိုင်တာမျိုး..

တစ်ချို့တစ်ချို့သော ကိစ္စတွေကို ကိုယ်တိုင်ဘာလို့ လုပ်မိလဲ နားမလည် ဘာရယ်လို့လဲအဖြေရှာဖို့လည်း မလုပ်ချင် .. ထိုဘာမှန်း မသိဘူး ဆိုပြီး မျက်လုံးမှိတ်ထားတဲ့ အရာကြီးကို ဘာဆိုတာ ဖော်ထုတ်ဖို့လည်း ကြောက်နေသေးသည်.. သူများတွေ ထက်ကိုယ်ကိုတိုင် လက်မခံနိုင်မှာကိုပိုစိုးရိမ်တယ် ...

သို့သော်လည်း အခုတော့ တစ်ခန်းလုံး အမှောင်ချပြီး သူ့mini projector လေးနဲ့ ဖွင့်ထားတဲ့ ရုပ်ရှင်ရှေ့တွင် မှီပြီးထိုင်နေသောကြောင့် မြင်နေရတဲ့ သူ လည်ပင်း အကြောလေးတွေ ကိုစိုက်ကြည့်နေရင်း ထိုအဖြေဆိုတာကြီးကို ဖော်ထုတ်ချင်လာပြန်သည်..ကိုယ်ကိုလည်းအစိုးမရချေ ..

သူကတော့ ရုပ်ရှင် စိတ်ဝင်တစားကြည့်နေပေမဲ့ ကျွန်တော်ကတော့ သူ့ကိုပဲ စိတ်ဝင်တစား ကြည့်နေမိသည်.. ရှေ့က အလင်းရောင်တွေကသူ့မျက်နှာပေါ်တွင် ဖြတ်ပြေးနေတဲ့ ပုံကလည်းတစ်မျိုးကြည့်ကောင်းနေပြန်သည်..
ရိတ်သင်ထားသော်လည်း ခပ်ပါးပါး လေးထွက်နေသော မုတ်ဆိတ်မွေး စိမ်းစိမ်း လေးတွေက ယောကျာ်းဆန်မှုကို ဖော်ပြနေသည်..
စွပ်ကျယ်လက်ပြတ်အောက်မှာ ရှိနေတဲ့ ကျွန်နော်ခေါင်းမှီထားတဲ့ ထိုလက်မောင်းကြွက်သားကြီးနဲ့ သူ့ကို အားကျ မိသည်..

Tell me yoU LoVe me ( Under Editing )Where stories live. Discover now