36(Zawgyi+Unicode)

26.3K 2.1K 92
                                    

Unicode

အလုပ်ကနေ ပြန်လာတဲ့ ဒီလိုနေ့တွေမှာဆို အရင်ကထက် စိတ်ပင်ပန်းတယ် ..
ကြိုဆိုမဲ့ သူမရှိတဲ့ အိမ်က သူ့ကို ပို၍ပင် ပင်ပန်းစေသည် ..
ထိုသို့ဖြစ်အောင် လုပ်သူက တစ်ခြားသူမဟုတ် ..
သူကိုယ်တိုင်ဖြစ်နေတဲ့အခါစိတ်ညစ်တဲ့အထိတိုးလာသည် ..
အိမ်တောင်မပြန်ချင် ...

အလုပ်ဆင်းကာ ညစာပါ အပြီး စားပြီး ၈ နာရီ လောက်မှ အိမ်ပြန်ဖို့ ပြင်လိုက်ပေမဲ့ .. ဦးတည်နေတဲ့ လမ်းက အိမ်စီသို့မဟုတ်ဘဲ တစ်ခြားနေရာဖြစ်နေသည် .. မသိစိတ်က တကယ်သွားချင်တဲ့ နေရာကို ပို့ပေးနေတော့ သူလည်း ပြန်တွန်းမလှန်နေတော့..

မီးလင်းနေတဲ့ အခန်းလေးဟာ ပြည့်ပြည့်ဝဝ မြင်နေရတာ တော့မဟုတ်ပေမဲ့ သူအတွက် တွေ့ချင်နေတဲ့ စိတ်ကို အာသာပြေစေသည် .. မြင်ရသည်ဖြစ်စေ မမြင်ရသည်ဖြစ်စေ ရှိနေတယ်ဆိုတဲ့ အသိက နွေးထွေးစေတယ် .. ကားတွင်းမှောင်နေတာမို့ မီးလေး ဖွင့်ထားတဲ့ အချိန်မှာ ထိုအခန်းလေးမှ ခန်းစည်းလေးလှုတ်သွားသလို ဟိုသွားဒီလာ အရိပ်လည်း မြင်နေရသည် ..

အလိုအလျောက် ခပ်ပြုံးပြုံးလေးဖြစ်သွားမိသည် .. စတီယာ တိုင်ကို ခေါင်းမှီကာ ထိုအခန်းငယ်ကို ကြည့်ရင်း ထိုအခန်းငယ်ရဲ့ ပိုင်ရှင်လေး အကြောင်းပါ တွေးနေမိသည် .. အိမ်မှာ ထိုင်နေရတာထက်စာရင် ဒီမှာ နေနေရတာ ပို၍ ခံစားရတာ သက်သာလာသလိုပင် ..

၁၀ နာရီကျော်ကျော်လောက်မှာ မီးမှိန်သွားတဲ့ အခန်းငယ်ကြောင့် သူပြန်ဖို့စဉ်းစားသေးပင်မဲ့ .. မပြန်ချင်တဲ့ စိတ်ကများနေသည် .. ဒီအချိန်လောက်ဆိုအိပ်ပျော်နေလောက်ပြီ ဒီအချိန်လောက်ဆို စောင်တွေ ကန်ပစ်နေပြီ ဒီအချိန်လောက်ဆို ဟောက်သံလေးတွေ ထွက်နေလောက်ပြီ စသဖြင့် အတွေး လေးတွေ တွေးရင်း သူထိုနေရာမှ မလှုတ်ရသေး ..

ဒီကိုလာရတာသူ စိတ်မလုံတော့ဖြစ်ရသည် ..
ခန် ကိုယ်တိုင်ပြောခဲ့သည် .. တိကျ တဲ့ အဖြေမရရင် သူ့စီကို မလာဖို့ ..

Alex မှာ တိကျတဲ့ အဖြေတော့ရှိနေပြီဆိုပေမဲ့ စဉ်းစားစရာတွေများလွန်းနေသည်.. ပြောသင့်မပြောသင့်စတဲ့ စဉ်းစားစရာတွေ အားနာစရာတွေ.. သတ္တိကြောင်စွာ မျက်နှာ ပြောင်စွာနဲ့ ပင် သူခဏရှောင်နေပါရစေ ခန်.. အဆင်ပြေတယ်မလား .. ခန်က ကလေးပဲရှိသေးတာပါ .. တစ်ချိန်ချိန်ကျရင် မေ့ချင်မေ့ သွားမှာ .. ငါဘာလို့ ကြိုက်ခဲ့တာပါလေ့ ဆိုပြီး တောင် နောင်တရချင် ရနေမှာ .. အခုတောင် အဆင်ပြေနေလောက်ပါပြီ .. ဟိုနေ့က ကျောင်းသွားအပ်တဲ့ နေ့က သူငယ်ချင်တွေနဲ့ ရီီရီမောမော နဲ့ သွားနေတာပဲ .. ကြာတော့လည်း အီသွားမှာပါ ..

Tell me yoU LoVe me ( Under Editing )Opowieści tętniące życiem. Odkryj je teraz