29(Zawgyi+Unicode)

20.7K 1.8K 85
                                    

unicode

အကိုက ခပ်ဖျော့ဖျော့ ပြန်ပြုံးပြသည် ..

"မေလင်း.. ဒီကို ဘယ်လိုရောက်လာတာလည်း .."

တောက်တောက်ပပ ပြုံးနေသည့် သူမရဲ့ အပြုံးတို့က အကို့ရဲ့ စကားအောက်မှာ လျော့ရဲ ကုန်သည် .. ခပ်ဖျော့ဖျော့ ဖြစ်သွား သည့်သူမမျက်နှာ သို့သော် ချက်ချင်းပြန်ပြုံးလာသည် ..

"မောင့် စီလာတာပေါ့မောင်ရယ် .."

"မော.. ကျွန်တော် ထင်တာက မေလင်း ကို ဒီအိမ်လိပ်စာ မပေးဖူးသလိုပဲ .."

ကျွန်တော် တံခါးဝမှာပဲ ရပ်နေကာ သူတို့ ကို စောင့်ကြည့်နေမိသည် .. မောင် ဆိုသည့် နာမ်စား အစား ကျွန်တော် ဟု ပြောင်း သုံးလိုက်သည့် အကို့ကြောင့် ကျွန်တော် နည်းနည်း ပျော်သွားမိသည်မှာ အမှန်ပင် ..

"မောင်က အခု ကျန်တာထက် မေလင်း ဒီအိမ်ဘယ်လိုရောက်လဲ ဆိုတာ ကိုပိုစိတ်ဝင်စားနေတာလားမောင် .."

"ကျွန်တော် အဲလို သဘောမဟုတ်ပါဘူး မေလင်းရဲ့ .. မေလင်းက ရုတ်တရပ်ကြီး ရန်ကုန်လာမယ် ပြောပြီး ရောက်လာလို့ ကျွန်တော် အံသြ သွားတာပါ .."

"အင်း .. မေလင်း အကြောင်း မောင် သိတယ်မလား မေလင်းက လုပ်ချင်ပြီးဆို ချက်ချင်းလေ .."

ကျေနပ်အပြုံးနဲ့ သူမက ခုံမှာ ပြန်ထိုင်ချလိုက်သည် .. အကို က ကျွန်တော် ကို တစ်ချက်ကြည့်ပြီး ကျွန်တော် စီလျှောက်လာသည် ..

"ခန် .. ကိုယ့် ကိုတစ်ခု ကူညီပေးပါလား .. ဧည့်သည် အတွက် တစ်ခုခု လုပ်ပေးပါလား အပူဖြစ်ဖြစ် ပေါ့ မေလင်းက အအေး မသောက်တော့ .."

"...."

"ကိုယ် ပြီးရင် ပြောပြပါ့မယ်နော် ခဏတော့ စောင့်ပေးပါနော် ကိုယ်အရင်ကပြောဖူးတယ်မလား .. နော် ခန် .."

လက်နှစ်ဖက်ကို ဆွဲယူကိုင်ကာ တောင်းဆိုသည့် သဘောဖြင့်ပြော နေသည့် အကို့ စကားကို ကျွန်တော် ဘယ်လို ပယ်ရှား မည်နည်း .. ထို့ကြောင့် ခေါင်းသာ ညိမ့်ပြလိုက်သည် .. စကားတော့ ပြန်မပြောတော့ ကျွန်တော် အဆင်မပြေ ရှင်းပြချက်လိုအပ်နေကြောင်း သိသာစေရန် ..

Tell me yoU LoVe me ( Under Editing )Where stories live. Discover now