25(zawgyi+unicode)

23.1K 1.8K 16
                                    

Unicode

Unplanned trip ဆိုတာမျိုးက ပျော်ဖို့အကောင်းဆုံးမလား.. ဘယ်နေရာဆိုတာကိုမသိပေမဲ့လည်း ကားပေါ်မှာထိုင်နေရင်းနဲ့ကိုပျော်နေမိတဲ့စိတ်ကိုထိန်းမရ .. တစ်ခါမှ မရဘူးတဲ့အတွေ့ကြုံမို့လို့လည်းဖြစ်လေ့မယ် .. ကားပေါ်မှာ Tent ထိုးပြီးသွားတဲ့ခရီးမျိုဆိုတာ ကြုံဘူးဖို့နေနေသာ ကြားတောင်မကြားဘူးချေ .. ဘာပဲဖြစ်ဖြစ် အတွေ့ကြုံသစ်အတွက် စိတ်လှုတ်ရှားတာတော့အမှန်ပေ ..

တကယ်တော့ အဝေးကြီးသွားရတာမျိုးမဟုတ် မြို့ထဲကထွက်ပြီး ၃ နာရီလောက်မောင်းပြီးတဲ့အခါ ရောက်ရှိနိုင်သည် .. မြစ်တစ်ခုရဲ့ကမ်းဘေးနားလိုနေရာမျိုးလေး... ကားကိုသင့်တော်တဲ့နေရာလေးမှာရပ်ပြီးကျွန်တော်တို့နှစ်ယောက်လုံးအောက်ဆင်းလာတော့ ကျွန်နော်တို့လို့တစ်ခြား လာရောက်အနားယူတဲ့ကားတွေရှိတာကိုသိရသည် ..

"ဒီနေရာက အရင်က ငါးမျှားဖို့သီးသန့်လုပ်ထားတဲ့နေရာ လူကြီးတွေလောက်ပဲလာကြတာ ခုနောက်ပိုင်းမှာ camp ထွက်သလိုမျိုးတွေများလာကြတာ အဲဒါကြောင့် သိပ်နာမည်မကြီးသေးတာ ကိုယ်တောင်ဟိုနေ့ကမှ လူကြီးတွေနဲ့ golf ရိုက်ရင်းသိတာ .. "

ဟိုကြည့်ဒီကြည့်စူးဆန်းနေတဲ့ ကျွန်တော့်ကို သတိထားမိ၍လားမသိ အကိုက အရင်ရှင်းပြလာသည် .. အရင်ရှိပြီးသားလူတွေကိုကြည့်လိုက်တော့ လူကြီးအများစုသာ ကမ်းဘောင်လေးပေါ်မှာ ငါးမျှားနေကြသည် .. ခပ်လှမ်းလှမ်းက မြစ်ကမ်းဘောင်ပေါ်မှာတော့ ရုံတစ်ရုံနဲ့ ပစ္စည်းတွေငှားနေကြတာကိုတွေ့လိုက်သည် ..

အကိုကကားပေါ်ပြန်တက်ပြီ ကားကိုပြောင်းပြန်ထိုးလိုက်သည် .. တစ်နည်းအားဖြစ်နောက်ခန်းကtent ကို မြစ်စီသို့မျက်နှာမူလိုက်ခြင်းဖြစ်သည်..

ထိုအချိန်မှာ ကျွန်တော် အကိုမမြင်အောင်ပတ်ဝန်ကျင်ကိုသေချာကြည့်မိသည် .. မရှိ ဘာမှကိုမရှိ .. မဟုတ်လောက်ပါဘူးနော် အကိုဒီကိုလာတာငါးမျှားဖို့လာတာတော့မဟုတ်လောက်ပါဘူးနော် ကျွန်တော်မှ ငါးမျှားတာဝါသနာမပါသလို ငါးမျှားတာနဲ့ပတ်သတ်ပြီးဘာမှလည်းမသိ ..

ကားပေါ်ကဆင်းလာတဲ့ အကိုက ပတ်ဝန်းကျင်ကို ပြူးပဲကြည့်နေတဲ့ ကျွန်တော်နဲ့ မျက်လုံးချင်းဆုံသွားတော့ ရီပြသည် .. ကျွန်တော်လည်း ငါးပဲထိုင်မျှားနေရမှာလားဆိုတဲ့စိုးရိမ်စိတ်နဲ့ ပြန်ရီပြလိုက်သည် ..

Tell me yoU LoVe me ( Under Editing )Where stories live. Discover now