45 (side story) (Zawgyi+Unicode)

21.4K 1.7K 61
                                    

Unicode

"အဲဒါဆို ငါသွားပြီနော် .. အလုံးလေးရေ "

"အေး .. ပိုင်ပိုင် နောက်ငါဖုန်းဆက်ရင် ရှိသမျှ အလုပ်အကုန်ပစ်ချပြီး အပြေးလေးချက်ချင်း လာခဲ့နာ် "

"Middle finger up ပဲ ဘေဘီ .."

တံခါးအစိ မပိတ်ခင် ခန်သူရိန် တစ်ယောက် မရမက သူ့ရဲ့ လက်ခလယ် အပု လေးကိုထောင်ပြသွားသည် .. ချက်ချင်း ဒက်ခနဲ ပေါက်အောင်တွေးလိုက်မိတဲ့ ကိုယ့်အတွေးကြောင့် စိုင်းဘုဏ်းမောင်တစ်ယောက် အသံထွက်အောင် ရီလိုက်မိရင်း တံခါးပိတ်လိုက်သည် ..

မြည်ဟိန်းသွားတဲ့ တံခါးပိတ်သံအဆုံး အိမ်ခန်းအတွင်း တိတ်ဆိတ်သွားသည် .. ခြောက်ကပ်သွားတဲ့ ပတ်ဝန်းကျင်က ရုတ်ချဉ်း Black And White လိုဖြစ်သွားသလိုပေ ..

စိတ်ညစ်ညစ်ဖြင့် မလျှော်တာကြာပြီဖြစ်တဲ့ ခေါင်းကို တဗျင်းဗျင်း ကုတ်ကာ တံခါးရှေ့ကနေ ခွာလိုက်သည် ..ခြေလှမ်းများများမလှမ်းရခင် ခြေထောက်သို့လာထိတဲ့ ရေဘူးခွံတစ်ခုကြောင့် စိတ်ညီးညူစွာ ကြွပ်ကြွပ်အိတ်တစ်လုံးရှာပြီး အမှိိုက်တို့ကို လိုက်သိမ်းရသည် ..

စောင်သူရိန်လေးက အမှိုက်ပွတယ် ပွတယ် ဟုဝေဖန်ပြီး ဒင်းပဲ အမှိုက်အသစ်တွေထပ်ဖွသွားတယ် ..

မြင်မကောင်းအောင် ပွထနေတဲ့ အမှိုက်တစ်ပုံကို နည်းနည်းပါးပါး မြင်ကောင်းအောင် ထောင့်ကပ်ပုံထားလိုက်ပြီး ရက်အတော်ကြာ မလျှော်ရသေးတဲ့ ခေါင်းကို စိမ်ပြေနပြေလျှော်လိုက်သည် ..

တကူးတက အိမ်ကနေ ထွက်လာပါတယ်ဆိုမှ ရေပျက်ရတာနဲ့ မီးပျက်ရတာနဲ့ ကံကအတွဲလိုက်ကို ဆိုးနေသည် ..

ရေမိုးချိုးကာ အကျႌ အသစ်လေးဘာလေးထုတ်ဝတ် ပေါင်ဒါလေးပါ အဆစ်လိမ်းလိုက်တော့ လူကမွှေးမွှေးကြိုင်ကြိုင်လေးနဲ့ လန်းဆန်းသွားတယ် ..

ခန်သူရိန် ဖွင့်ခဲ့တဲ့ ပြတင်းပေါက်ကြောင့် မိုးနံ့ပါတဲ့ လေလေးတွေက တဖြူးဖြူးဖြင့် ..

စိတ်မြူးမြူးလေးဖြင့် ပြတင်းပေါက်နားလျှောက်သွားရင်း မှန်ပေါ်ထင်ဟတ် နေတဲ့ မျက်နှာက ကြောင့် စိုင်း တစ်ယောက် ချက်ချင်း စိတ်ညစ်သွားသည် ..

Tell me yoU LoVe me ( Under Editing )Where stories live. Discover now