4 - Baby..

37.1K 3K 11
                                    

Unicode

"Baby.."

တိုးတိတ်စွာဖြင့် ဘုရားသခင်... ကျွန်တော် တပါးသူ၏ ငြိုငြင်ခံရပြီး လူတကာကဲ့ရဲ့ခံရတဲ့ဘဝ တော့မရောက်ပါရစေနဲ့ ဟုသာဆုတောင်းနေမိသည်..

"ကိုယ် အစထဲက ပြောဖို့ရည်ရွယ်ထားတာ... အလုပ်တွေရှုတ်နေတာရယ် ..နှစ်ယောက်ထဲ ဖြစ်တဲ့ အချိန်မရှိတာရယ်ကြောင့် မပြောဖြစ်တာ .. ဒီလို စကားမျိုးက နှစ်ယောက်ထဲ ရှိတဲ့ အချိန် ပြောမှာ ပိုသက်ရောက်မှုရှိမယ် လို့ ကိုယ်ထင်မိလို့ပါ.."

သူ ရဲ့ အကြောင်းပြချက်ကို အရှည်ကြီးရှင်းပြနေတဲ့ အချိန်မှာ သိလိုစိတ်ကြောင့် ခန်သူရိန်ရဲ့ နှလုံးခုန်သံတွေ ပြင်းထန်နေသည်...

ဆယ်တန်း စာမေးပွဲဖြေတုံးက.. အောင်စရင်းထွက်တုန်းက.. တက္ကသိုလ် အမှတ်စရင်းတွေ ကြော်ညာတုံးက တောင် သူ အဲလောက်စိတ်မလှုတ်ရှားခဲ့ မယ်မထင်..

ချွေးပြန်နေတဲ့ ကျွန်တော့် လက်အစုံဟာ တစ်ဖက်နဲ့ တစ်ဖက် တင်းတင်း ဆုပ်ကိုင်မိနေတယ်.. ဘာလို့လဲတော့ မသိပါ.. ဘာပြောမယ်မှန်းတောင် မသိသေးဘဲ.. တင်းတင်း ကြပ်ကြပ် ခံစားနေရပြီး.. စိတ်တွေလှုပ်ရှားနေပါသည်...

ခန်သူရိန် သူ့ကိုယ်သူ စိတ်အလိုမကျဖြစ်ရသည် .. တစ်ဖက်ကဖြင့် ဘာမှမပြောရသေးဘူး သူက တုန်တုန် ရင်ရင်ဖြစ်နေသည် ..

"ကိုယ်.. တောင်းပန်ပါတယ် ခန် .. ခွင့်မလွှတ်နိုင်တဲ့ အမှားမျိုးကိုယ်ကျူးလွန်ခဲ့မိပါတယ် .. တကယ်ဆို အဲဒီနေ့ထဲက တောင်းပန်ချင်နေတာပါ.. ကိုယ်တစ်ကယ်တောင်းပန်ပါတယ်.. စိတ်ရင်းနဲ့ပါ.. ကိုယ်.. ကိုယ့်အမှားကို ကိုယ်ဝန်ခံပါတယ်.. ကိုယ် ခန် အပေါ် ဘာစိတ်မှ မရှိခဲ့ပါဘူး..

အဲဒီနေ့က ကိုယ့်သူငယ်ချင်းတွေက ကိုယ့်ကို တမင် လုပ်လိုက်တာပါ ခွက် နှစ်ခွက်လုံးထဲ ထည့်ပြီးမှ ကိုယ့်လက် ထဲ ထည့်ခဲ့တာ .. ကိုယ် တစ်ကယ်မရည်ရွယ်ပါဘူး.. အဲ့တုန်းက ဒီတိုင်း baby ကိုတွေ့လိ်ုက်လို့ bab..အဲ ခန်က မသောက်ဖူးလို့ သောက်ဖူးချင်တယ်ပြောတာ မှတ်မိလို့ ဒီတိုင်းလာတိုက်မိတာပါ.. ဒီလို မျိုး ဖြစ်သွားလိမ့်မယ်ဆိုတာ ကိုယ်စဉ်းတောင် မစဉ်းစားဘူးပါဘူး..

Tell me yoU LoVe me ( Under Editing )Where stories live. Discover now