35(Zawgyi+Unicode)

23K 1.8K 49
                                    

Unicode

Alchol 40% ပါသော Blue Label လေးထည့်ထားတဲ့ ခွက်ကိုရီဝေဝေလေးကြည့်နေမိသည် .. သူ ကိုယ်တိုင်လည်း တစ်ခွက်နှစ်ခွက်လောက်က တော့အေးဆေးပေမဲ့ နည်းနည်းများလာတဲ့အခါ လေးငယ်တစ်ယောက် ငြိမ့်လာတယ် .. ဖွင့်ထားတဲ့ Classical music လေးက နာမည်သာမသိတာ ထိုအခိုက်မှာ ကွက်တိကျနေသည် .. ဘေးကယိုင်ယိုင်နေတဲ့ Alex ကတော့ သူစီစဉ်ထားသလိုပါပဲလား ..

Alchol အကြောင်း သိပ်နားမလည်တဲ့ Alex ကိုညှပ်ချဖို့ကတော့ ဒီအချိန် အကောင်းဆုံးပဲ အစကတော့ စိတ်ညစ်နေသည်အထင်နဲ့ Gold လေးလောက် တိုက်ဖို့ပေမဲ့ ကူညီထားတဲ့ ကျေးဇူးကိုမျှမထောက် လျှို့ဝက်ချက်တွေ ထားထားတဲ့ အတွက် Blue လောက်ချပြီး မေးချင်တာမေးလို့ရအောင်
အဲတော့ Blue နဲ့ Gold နဲ့ ဘာကွာလည်းဆိုရင် စျေးကွာတယ် Blue က စျေးပိုသာတယ် .. ကျန်တာကတော့ ကျွန်တော့်အတွက် တူတူ လောက်ပဲ ဒါပေမဲ့ Alex က Gold လောက်တိုက်ရင် သိပ်မပြောချင်ဘူးအဲတော့ သူ့ကဒ်နဲ့ Blue တွေမှာထားရတာပဲ ..

လူသိပ်မများတဲ့ Bar ဖြစ်သည့်အတွက် သူတို့အနေနဲ့ အပြောအဆိုသိပ်ရှောင်စရာမလို .. နောက်ပြီး ဒီဘာက သူပိုင်တဲ့ ဘားလည်းဖြစ်သည် .. ဘေးက Alex က နည်းနည်းလေးအီ လာပြီ မို့သူလုပ်ငန်းစဖို့ပြင်ရတော့ပြီ ..

"Alex .. ငါ့တူလေး ရေ .."

"ဗျာ .."

"အောင်မလေး ဗျာတဲ့ ငါ့တူလေးက လိမ္မာလိုက်တာကြည့်စမ်း .. "

"ဟက် ဟက် .. လိမ္မာတယ်တဲ့လား.. လေးငယ်ကလည်း ထူးထူးဆန်းဆန်း"

"ဒါပေါ့ လိမ္မာတာပေါ့ .. အဲလိုလိမ္မာလို့ ငါ့တူလေးကို ဒုက္ခပေးနေတဲ့ stress တွေကို ဟောဒီက လေးငယ်က ကူညီပြီး ဖြေရှင်းပေးမယ် .. ကဲပြော ဘာလို့ ခန်က အိမ်ပြန်မလာတာလည်း.."

"ခန်လား .. အင်း ခန်က ပြန်မလာသေးဘူး .. "

"အင်းလေ ဘာလို့ပြန်မလာသေးတာလည်းလို့ .."

"ကျွန်တော့် ကြောင့်တဲ့ .."

အဆွေးသမား လို အိုမင်းနေတဲ့ မျက်နှာနဲ့ Alexက ဖန်ခွက်လေးကို လှည့်ရင်း ဖြေနေသည်မှာ စိတ်မရှည်စေချင်စရာ ..

"အင်း Alex ကဘာလုပ်ထားလို့လည်း .."

"မပြောလို့တဲ့ .."

Tell me yoU LoVe me ( Under Editing )Where stories live. Discover now