3 - စကားနည်းနည်းပြောရအောင်

40K 3.2K 7
                                    

Unicode

"စကားနည်းနည်းပြောရအောင်"

မနက်ကအိမ်တက်ပွဲက အကြီးအကျယ်ကြီးမဟုတ်ခဲ့ပေမဲ့ ဘယ်သူမှ နားနေရတယ်လို့လည်းမရှိ..
မေမေ ရော အန်တီယမင်း တို့ရော အကို Alex အမ တို့ရော အလုပ်ရှုတ်နေကြတာ တိုက်ခန်းကနေ တော်တော် နောက်ကျမှပြန်သွားနိုင်ကြသည်...

မေမေတို့ပြန်သွားပြီးတော့ အကို Alex ကတစ်နေ့လုံးပင်ပန်းနေတာမို့ ရေချိုးလိုက်ဦးမယ်ဆိုကာ ရေချိုးခန်းထဲဝင်သွားတယ်...

အခန်းထဲက အခုထိမဖြည်ရသေးတဲ့ အဝတ်အိတ်ကို ကြည့်ပြီး အရင်က အတော်ပျင်းတဲ့ အဝတ်စီတဲ့ အလုပ်ကို လုပ်ဖို့ ပြင်ရတော့သည်။ အရင်လို အပျင်းကြီးပြီး ဒီတိုင်းထားလိုက်လို့ ဝိုင်းလုပ်ပေးမဲ့ အမေက မှ ဒီအိမ်မှာ မရှိ...

လေးထပ်ဗီဒို ရဲ့ တံခါးကို ဆွဲဖွင့်လိုက်တော့ အပေါ်ထပ် တစ်ထပ်နဲ့ အောက်ထပ် ညာဘက်ခြမ်းမှာ သပ်ရပ်စွာ ထည့်ထားတဲ့ အကို့ရဲ့ အဝတ်တွေ .. ဘယ်အချိန်ကများ ထည့်လိုက်ပါလေ့.. အဝတ်တွေကည်း ဗီဒို အကြီးကြီးရဲ့ ညာဘက်ရော အပေါ်ဖက်ကော အပြည့်...

ခန်သူရိန်က အကို Alex ရဲ့ အဝတ်တွေကို ကြည့်နေရင်း သူ့အကြောင်းစဥ်းစားမိသည် ..

သူငယ်ငယ်တုန်းက အကိုAlex နဲ့ ဘယ်လောက်ထိ ရင်းနှီးတယ် .. ဘယ်လောက်ထိ ခင်မင်တယ် ဆိုတဲ့ အကြောင်းတွေ ကို သေချာမမှတ်မိတော့ပေ.. မိမိထက် အသက် ထက်ဝက် ကျော် ကွာတဲ့ အိမ်နီးနားချင်းအကိုကြီး တစ်ယောက်ကနေ ရုတ်တရပ် အခုလို ခေါင်းစဉ်တစ်ခုအောက်က လူတစ်ဦးအဖြစ် အကြီးအကျယ်ပြောင်းလဲသွားတာကတော့ သူ့အတွက် ဆန်းသစ်နေလွန်း၏ ..

ခုချိန်ထိ အိမ်မက်အလား ထင်နေရပေမဲ့ အစစ်အမှန် ဖြစ်နေတဲ့ အခြေအနေကြောင့် ရှေ့မှာ ဝါးတားနေတဲ့ သူတို့ နှစ်ယောက် အကြောင်း ခန်သူရိန် မစဉ်းစားရဲ... ခေါင်းစဉ်တစ်ခုအောက်လို့ သူပြောပေမဲ့ .. ထိုခေါင်းစဉ်ကဘာပါလို့ လည်းခန်သူရိန် နာမည်မတတ်ရဲ ..

သေချာစဉ်းစားကြည့်မယ်ဆိုရင် အခုသူတို့ ဘာတွေလည်း..? ဘယ်လို ပတ်သတ်မှုတွေလည်း .. ?

Tell me yoU LoVe me ( Under Editing )Where stories live. Discover now