16 (Zawgyi+Unicode)

28.4K 2.3K 26
                                    

မျက်ခွံပေါ်စူးကျလာတဲ့ နေရောင်ကြောင့် မကျေနပ်စွာနဲ့ မျက်လုံးကို ဖွင့်လိုက်သည်.. ကျိန်းစပ်နေသော မျက်လုံးကြောင့် တခဏလောက်ဘာမှ မမြင်ရချေ ၊ လည်ပင်းကလည်း ပူပူလောင်လောင်ကြီးဖြင့် ခြောက်ကပ်နေသည်...
ငုတ်တုတ်ထထိုင် ပြီး မျက်လုံးကိုပွတ်လိုက်တော့ ထိုးကိုက် လာတဲ့ ခေါင်းကြောင့် မျက်လုံးတွေတောင်ပြာသွားသည်..
သက်သာလိုသက်သာများ နားထင်နှစ်ဖက်ကို ဖိနှိပ်နေစဉ် ခေါင်းထဲရောက်လာတဲ့ အတွေးကြောင့် ရေချိုးခန်းစီသို့လှမ်းကြည့်လိုက်သည်..
ဟစ လေးဖြစ်နေသော ရေချိုးခန်းကြောင့် နိုးနေကြအချိန်မဟုတ်နိုင် အိပ်ယာဘေးက နာရီကိုလှမ်းကြည့်လိုက်သည်.. ၂ နာရီကို ညွှန်ပြနေသည့် နာရီကြောင့် မျက်လုံးတွေတောင်ပြူးသွားသည် .. မေမေ တို့နဲ့နေတုံးကတောင် အဲလောက်ထိမအိပ်ဘူး.. တစ်ဆက်ထဲမှာပင် တော်တော် အချိန်လွန်နေပြီမို့လို့ မနက်တိုင်းလုပ်နေကြ အလုပ်ဖြစ်သည့် သူ့ အားအကျႌထုတ်ပေးသည့် အလုပ်ကို မလုပ်ပေးလိုက်ရကြောင်းသတိရသွားသည်.. သူခုလောက်ဆို ရုံးမှာ ရှိလောက်မှာပေါ့..

ဒါနဲ့ ညက မ တို့နဲ့ သောက်နေတာပါ ဘယ်လိုလုပ် ဒီပြန်ရောက်လာတာလည်း.. ညက နောက်ကျမှ ပြန်ရောက်တာများလား .. ဒါမှ မဟုတ် တစ်ယောက်ယောက် လိုက်ပို့ပေးတာများလား .. သူများစိတ်ဆိုးသွားလားမသိ..

နေ့လည် နှစ်နာရီ စောင်အထုတ်ထဲမှာထိုင်ကာ တစ်ယောက်ယောက် လိုက်ပို့လို့များသူစိတ်ဆိုးသွားမလားဆိုတဲ့
ခပ်ကြောင်ကြောင် အတွေးကို ဘာလို့များတွေးမိပါလိမ့် .. ကလေးရှက်တော့ ငိုတယ် လူကြီးရှက်တော့ရီတယ် တဲ့ ထို့ကြောင့် ခပ်ဟဟ ရီလိုက်ကာ မျက်နှာသစ်ရန် စောင်ကို ဖယ်လိုက်သည်..

'ကလစ်'

တစ်ယောက်ထဲသာရှိနေလိမ့်မည်ဟု ထင်ထားတာကို တံခါးဖွင့်သံ ကြားလိုက်ရတာမို့လို့ အလန့်တကြားမော့ကြည့်မိသည်.. သေသပ်စွာ ဖီးထားချင်းမဟုတ်ဘဲ ဖြစ်သလို လက်ဖြင့်သပ်ထားသလို ဖြစ်နေတဲ့ ဆံပင်ပုံစံနဲ့ တီရှပ် အမဲရောင်နဲ့ ဘောင်းဘီ အတိုဝတ်ထားတဲ့ သူက တံခါးဖွင့်တဲ့သူဖြစ်နေသည်.. ဒီအချိန် ကြီးအိမ်မှာ အိမ်နေရင်း စတိုင်နဲ့ ဖြစ်နေတဲ့ သူ့ကို ကြောင်ကာကြည့်နေမိသည်.. ချောလိုက်တာ ..

Tell me yoU LoVe me ( Under Editing )Tempat cerita menjadi hidup. Temukan sekarang