26 (Zawgyi+Unicode)

22.9K 1.8K 18
                                    

Unicode

ဟိုတစ်ပတ်ခရီးကပြန်လာပြီးထဲ Mood ကောင်းနေတဲ့ အကိုက ဒီညအပြင်မှာညစာ စားမယ်ဆိုပြီး message ပို့လာသည် .. အရေးကြီးတဲ့ အလုပ်တစ်ခုဒီနေ့အပြီးသတ်မယ်ဆိုပြီး ပြောပြထားသောကြောင့် ထိုကိစ္စနဲ့ပါပေါင်းပြီး လိုက်ကျွေးမယ်ပြောတာဖြစ်ရမည် .. ဖြစ်နိုင်တာက အလုပ်ကနေ တန်းလာခေါ်နိုင်သည် .. ထို့ကြောင့်ညနေထဲက ဘာဝတ်ရင် ကောင်းမလဲ စဉ်းစားခန်းဝင်နေရသည် ..

အစက မနက်က အကိုဝတ်သွားသလို အစိမ်းရင့်ရောင် နဲ့ အနက်နဲ့ ဆင်တူဝတ်မယ် စဉ်းစားပြီးမှ ကိုယ်ကဆင်တူဝတ်ချင်သော်လည်း သူကမဝတ်ချင်ရင်ကော ဒါမှမဟုတ် သူများတွေအမြင်မှာ ရှက်စရာကောင်းနေရင်ကော .. မဖြစ်မဖြစ် ထို့ကြောင့် ထို အစုံကိုပယ်လိုက်သည် ..

အဖြူရောင်ရှပ်နဲ့ အစိမ်းဖျော့ဖျော့ ဘောင်းဘီလေးရွေးပြီးပြန်တော့လည်း သူက ကျွန်တော့်ကို လူငယ်ဆန်ဆန်ဝတ်တာ ပိုလိုက်တယ်ပြောဘူးတော့ ရှပ်အကျႌကို ပယ်ကာ အဖြူရောင် Tshirt တစ်ထည်နဲ့ အစိမ်းဖျော့ဘောင်းဘီသာ confirm ဖြစ်သွာသည် ..

သူက အစိမ်းရင့်နဲ့ အမည်း ကျွန်တော်က အဖြူနဲ့ အစိမ့်ဖျော့ .. စိတ်တိုင်းကျရွေးပြီးမှန်ရှေ့ရပ်ကာ ကြေကြေနပ်နပ် ကြီးပြုံးက မှန်ကြည့်ရင်း ငါဘာလို့ပျော်နေတာလဲ ဆိုတဲ့အတွေးကြောင့်ကြက်သီးထသွားရသည် ..

ဘေးမှာ ခြေထောက်ကိုလျှက်နေတဲ့ အာလူးကိုကောက်ချီပြီး အရှက်ပြေ လည်ပင်းကို ကုတ်ပေးနေမိသည် ..

"ခန်သူရိန်ရေ .. မင်းနဲ့ ဆင်တူဝတ်ပြီး dinner စားရအောင် မင်းတို့က ဘာမို့လို့လဲဟ .. ဟုတ်တယ် ဒီတိုင်းအရောင်လေးလှလို့ တိုက်ဆိုင်သွားတာ .. တမင်ဆင်တူတာမဟုတ်ဘူး.. ဟုတ်တယ်နော် အာလူး.."

"ညှောင် .."

"အေး .. လိမ္မာတယ် မုန့်ကျွေးမယ်.."

———————————————————
နာရီကို ကြည့်လိုက်တော့ ၈:၃၀ ဒီအချိန်က ပုံမှန် အကိုပြန်ရောက်ကမဲ့အချိန်ထက်နောက်ကျနေပြီ .. ဖုန်းဆက်တော့လဲမကိုင် .. တစ်ခါနှစ်ခါ မကိုင်တော့ misscalled မြင်ရင် ပြန်ခေါ်မှာပဲ ဆိုပြီးထားလိုက်တော့ အချိန်သာ ကုန်သွားတယ် ပြန်မဆက် .. ဗိုက်လည်းဆာလာသလို ကြည်လင်နေတဲ့ စိတ်တွေလည်းနောက်ကျိကုန်သည် ..

Tell me yoU LoVe me ( Under Editing )Where stories live. Discover now