22 (zawgyi+unicode)

23.4K 2K 33
                                    

Unicode

"ကျွန်တော် ဘာလုပ်ပေးရဦးမလဲ မေမေ "

"အေး ခုတော့ ရပြီ နင့်အဖေ အိပ်နေပြီ ဆိုတော့ ငါလည်း စားဖို့သောက်ဖို့စီစဉ်လိုက်ဦးမယ် .."

မေမေက အရမ်း ဟင်းချက်ကောင်းလို့ ဖေဖေ ဆို အပြင်စာတောင်မစား.. အကိုလည်း မေမေ ချက်ရင် ကြိုက်တယ်ပြောဖူးတယ် .. အချက်အပြုတ်အရမ်း ဝါသနာပါတဲ့ မေမေ့ကို ပင်ပန်းလို့ နားပါလားလို့ တားလည်းတားလို့ရမှာ မဟုတ်တာမို့ အမေ့ကိုပဲ နည်းနည်း ပါးပါး ကူညီရမယ် ..

"ဘာချက် မလို့လဲ မေ ကျွန်တော် ဝိုင်းလုပ်ပေးမယ် .."

"ရတယ် အမေ ပဲ လုပ်လိုက်မယ် သားအခန်းသွားရှင်းရင် ရှင်းလိုက်လေ .. အမေ သန့်ရှင်းရေးလုပ်တော့ လုပ်ထားတယ် .."

အမေ အတင်းနှင်ထုတ်လို့ အပေါ်တက် ခဲ့သည် .. ငယ်ငယ်ထဲက နေလာတဲ့ အခန်း တံခါးလေးကို ဖွင့်လိုက်သည် .. မနေတာကြာလို့လားတော့မသိဘူး .. နေရောင်လည်းကောင်းကောင်းဝင်ပါတယ် .. ဒါပေမဲ့ အေးစပ်စပ် နဲ့ တစ်ခုခု လိုနေသလို ..

ခုတင်ပေါ်ကို တက်ကာ ဟိုခါဒီခါ နဲနဲ လုပ်ပြီးတော့ ဘာမှ လုပ်စရာမရှိတော့ .. အလယ်မှာ ထိုင်နေရင်းနဲ့ပင် ဘုန်းခနဲ မည်အောင် ပစ်လှဲချလိုက်သည် .. မျက်နှာကြပ်ပေါ်မှာ
ကပ်ထားတဲ့ အနှုမြူ ကြယ်လေးတွေ ကို လိုက်ရေနေမိသည် ..

ငယ်ငယ်ကစစခြင်း အခန်းခွဲနေ တုံးက မအိပ်ရဲ လို့ အမြန်အိပ်ပျော်အောင် ထိုကြယ်တွေကို ကပ်ကာညတိုင်းရေရေ ပြီးအိပ်တတ်သည် .. လက်ဆောင်ရတာလို့ တော့ပြောတယ် ဒါပေမဲ့ ငယ်ငယ် က အကြောင်းတွေ သိပ်မမှတ်တော့ ဘယ်သူဘယ်ဝါပေးလဲတော့ မသိတော့ ..

အဲဒါလေးတွေ ရေရင် မြန်မြန် အိပ်ပျော်သွားတာမို့ ပေးတဲ့ သူကိုပဲ ကျေးဇူးတင်ဖို့ကောင်းတယ် .. မများတဲ့ ကြယ်အနဲကယ်ကို ထပ်တလဲလဲ ရေတွက်မိသည်.. ကုတင်ပေါ်မှာ ကန့်လန့်ကြီးလှဲနေရင်း အိပ်ချင်လာတာမို့ ဘေးကိုစောင်းချပြီး မျက်လုံးမှိတ်ထားလိုက်သည် .. ဘာမှ မှလုပ်စရာမရှိတာ အိပ်ပျော်လည်းကောင်းတာပါပဲ ...

-------------------------------------------------------

အိပ်ပျော်သွားလိုက်တာ ၅ နာရီမှ ပြန်နိုးတယ် .. မကြာခင် အမေတို့က ညနေစာစားတတ်တာကြောင့် ရေချိုးခန်းထဲဝင်ဖို့ ထထိုင်လိုက်သည်..

Tell me yoU LoVe me ( Under Editing )Où les histoires vivent. Découvrez maintenant