11 (Zawgyi + Unicode )

30.8K 3K 16
                                    

ခပ်လှမ်းလှမ်းမှာ ဓာတ်ပုံရိုက်ပေးတဲ့ ဆက်နိုင် နှင့် ပို့စ့်ပေးနေတဲ့ ထက်နိုင် နိုင်နှစ်ကောင်ရယ်.... ရေထဲက နေခုထိမတက်သေးဘဲ နှစ်ယောက်ကမ႓ာ ဖြစ်နေကြတဲ့ စိုင်းဘုဏ်းမောင်နဲ့ သားစစ်တို့ နှစ်ယောက်ရယ်.... သူတို့ တွေနဲ့ မတူညီစွာ ကျွန်တော်ကတော့ ကမ်းစပ်နားမှာ ငုတ်တုတ်သာထိုင်နေမိတယ်..

ဘာကိုစိုးရိမ်လို့ စိုးရိမ်မှန်းမသိ စိတ်ထဲမှာ လေးလေးကြီး ဖြစ်နေတယ် .. နေ့လည်ကစားသောက်ပြီးတော့ သူတို့စီက အကျႌငှားကာ ရေနဲနဲ ပါးပါး ဆော့ပြီး ထိုင်နေတဲ့ အထိုင်ဟာ အခု ၄ နာရီတောင်ထိုးတော့မယ်ထင်တယ်.. ရေပြင်ကို ဖြတ်ပြီးတိုက်လာတဲ့ အနံ့တစ်မျိုးနဲ့ လေက ပေါ့ပါးပြီး လန်းဆန်းစေမယ်ဆိုတာမှန်ပေမဲ့လည်း ကျွန်တော်က ဘာကြောင့်မှန်းမသိ စိတ်တွေလေးနေတယ်..

" သူရိန်....!!"

ရေထဲမှာ ကစားနေကြတဲ့ ငစိုင်းတို့ ကသဲပေါ်မှာ ထိုင်နေတဲ့ ကျွန်တော့်ကို လှမ်းခေါ်ကာ ရေထဲ ဆင်းခဲ့ဖို့ခေါ်နေသည်... ခြောက်သလောက်ရှိနေပြီဖြစ်တဲ့ အဝတ်တွေကို ထပ်မစိုချင်တော့တာမို့လို့ လက်ပဲလှမ်းပြပြီး ဖိတ်ခေါ်မှုကို ထပ်ငြင်းလိုက်ပြန်သည် ... ခေါ်လို့မရတဲ့ အဆုံး ငစိုင်းက ရေထဲက နေလက်သီး ထောင်ပြနေတယ်.. သို့သော် ငစိုင်းအနောက်မှာ ရပ်နေတဲ့ သားစစ်က ငစိုင်းရဲ့ အာရုံက ကျွန်တော်စီရောက်နေတဲ့ အချိန်မှာ သူ့ကို အနောက်ကနေ တွန်းလိုက်သောကြောင့် မှောက်ရပ်ကြီးရေထဲကျသွားပြီး ရုပ်ပျက်ဆင်းပြတ်ဖြစ်သွားသည် .. ရေထဲမှာရန်ဖြစ်ရန် ပြင်ဆင်နေသော ငစိုင်းတို့ကို ကြည့်ပြီး အသံထွက်အောင်ရီလိုက်မိတယ်...

"ခန်သူရိန်....!!!!"

သူတို့ နှစ်ယောက်ကို ကြည့်ရင်း ရီနေရာကနေ ရုတ်တရပ် ကြားလိုက်ရသောကျွန်တော့နာမည်.. အတော်အတန် ကိုရင်းနှီးနေသော အသံကြောင့် မဖြစ်နိုင်ဟု ထင်နေပါသောလည်း ရှေ့တည့်တည့် မှာ နှစ်ယောက် မျက်စောင်းထိုးဝေးဝေးမှာ နှစ်ယောက် နှင့် ကျွန်တော်ကို သိသော လေးယောက်သော ကျွန်တော့် သူငယ်ချင်း ကို မြင်နေရသဖြင့် ထိုအသံပိုင်ရှင် မှာကျွန်တော့်သူငယ်ချင်းများမဟုတ်တာအသေအချာပင်..

Tell me yoU LoVe me ( Under Editing )Where stories live. Discover now