"ကိုကိုအခုလုပ်နေတာကိုကိုရည်းစားဟောင်းရဲ့
အလုပ်မလား ""ဟုတ်တယ်လေ
ဟွန်းသိတယ်မလား
ဘာလို့လဲ ""ကိုကိုနဲ့အဲ့အစ်မနဲ့ ..... "
ချန်းယောလ်သူ့ရှေ့ကကောင်လေးမေးလာမယ့်မေးခွန်းက
သူဖြေရခက်သောမေးခွန်းမဖြစ်စေချင်။
ဟွန်း ရိပ်မိနေတာလား။"ဆက်ပြောလေ ဟွန်း "
"ဟင့်အင်း ဘာမှမဟုတ်တော့ဘူး ကိုကို "
ဟွန်း ကြောက်တယ်
ကိုကိုကဟုတ်တယ်လို့ဖြေလိုက်မှာကို
ူသူ့ကိုအခုထိချစ်တယ်လို့ရေရာသေချာစွာမပြောသောကိုကိုက
အဲ့အစ်မကြီးအပေါ်စိတ်မပြတ်သေးတာမလားဖြေလာမယ့်အမှန်တရားကြီးကဟွန်းမကြားချင်တာ
ဖြစ်လာမယ်ဆိုအတွေးနဲ့တင်ခါးသက်လွန်းလို့လက်တွေ့
အဖြစ်ကနေရှောင်လို့ရတုန်းရှောင်နေချင်တယ်🥀
ချန်းယောလ်စကားမဆက်တော့ဘဲသူ့ရင်ခွင်ထဲမျက်နှာအပ်ထားသောကောင်လေးကျောပြင်ကိုပွတ်ရင်းအံ့ကြိတ်ထားမိသည်။
ဆက်မမေးလို့ကျေးဇူး
ကိုယ်ဖြေရခက်တဲ့ရွေးရခက်တဲ့မေးခွန်းမဖြေချင်တာအမှန်ဘဲ
မင်းအပေါ်အခုထိရေရာတဲ့အချစ်မခံစားမိသေးတဲ့ကိုယ်က
မကောင်းတာအမှန်ဆွန်းမီကိုလည်းလက်လွတ်ချလို့မဖြစ်
ဟူး ရူးချင်တယ်ကွာ
အခုလိုအလိုက်တသိနဲ့ကိုယ့်ဘေးနေပေးပါဟွန်း
အချိန်တခုကြရင်တော့ဆွန်းမီကိုအဆက်ဖြတ်မှာပါ။
🥀
တကယ်တော့ဆယ်ဟွန်းစိတ်အရမ်းအားငယ်နေသည်။
ငိုချင်တယ်။အော်ဟစ်ပြီးကလေးတစ်ယောက်လိုခြေဆင်း
လူးလှိမ့်ငိုလိုက်ချင်တာ။"အိပ်ရအောင်
မအိပ်ပျော်ခင်ကိုကိုဖက်ထားပေးမယ်လေ "ဟွန်း စိတ်မကောင်းဖြစ်နေတာကိုကိုသိသည်။
စကားတွေထပ်မဆိုဘဲရင်ခွင်ထဲထွေးပွေ့ဖက်ထားတာ။"နောက်ဆိုအခုလိုဖက်ထားဖို့အဆင်ပြေမယ်မထင်တော့ဘူး
အချိန်ရတုန်းဖက်ထားရမယ်"
YOU ARE READING
Marriage Life ( ChanHun )
FanfictionThis fiction contain rude words and rated sence .Don't read under 18 person.Specialized advice you may not like mpreg don't read this fiction. Thanks 🖤 CV By AkariXing Published date : 13/9 /2019 Ending date : 15/11/2020