သခင်လေး ချန်းယောလ့် နဲ့ချစ်ရသူကို
တဖန်ပြန်မြင်တွေ့ချိန်သူဒီအိမ်ကနေထွက်ပြေးချင်စိတ်
ပေါက်မိသည်။ကျေးဇူးကြွေးဟူသောအရာကြီးကြောင့်သူဆက်နေနေရသည်။ကောင်းတော့ကောင်းပါတယ်လေ။
ချစ်ရသူဘေးတဖန်ပြန်နေရတာလည်းစိတ်ညစ်မှုကြားကစိတ်ချမ်းသာစရာတခုပေါ့။ဆိုးတာကပိုင်ရှင်ရှိသွားပြီမို့အလှကြည့်ရုံအပြင်မတတ်နိုင်တော့။

သခင်လေး ကိုတော့အံ့ဩမိပါတယ်။
ဘယ်လိုအကြံနဲ့များ ရှစ်ရွှင်း ဘေးသူ့ကိုထားသလည်းဆိုတာ။သူတို့ရဲ့အတိတ်ကိုမသိတာလည်းမဟုတ်။
အခုလိုမနက်ခင်းဒီအခန်းထဲလာခိုင်းတဲ့အချိန်ကိုပြန်မြင်
မိသည်။မနက်အစောကြီးဖုန်းဝင်လာပြီးလာခဲ့ပါခေါ်လို့
အပြေးရောက်လာပြီးအခန်းရှေ့ရပ်စောင့်နေချိန်အခန်းထဲဝင်ခဲ့ပါပြောလာတော့အလုပ်ရှင်အလိုကျလိုက်နာရတာပေါ့။

အခန်းထဲရောက်တော့အိပ်ရာပေါ်မိမိအကြည့်ကရောက်မိတာ
ကိုယ့်မျက်စိကိုယ့်ဘာသာထိုးဖောက်ချင်သွားသည်။
စောင်တွေကြားအပေါ်ပိုင်းလွတ်ကာအိပ်ပျော်နေသော ရှစ်ရွှင်း
ဖြူဖွေးသောအသားထက်အရောင်ရင့်အကွက်တွေကဆေးပက်ထားသည်နှယ်။သခင်လေး ချန်းယောလ်ကတော့အ၀တ်လဲထားကာအပြင်သွားဖို့ပြင်ဆင်နေပုံ။
ရှစ်ရွှင်း နိုးလာရင်ဆေးတိုက်ဖို့နဲ့လိုတာလုပ်ပေးဖို့အမှာပြုကာ
ထွက်သွားလေပြီ။

ရှစ်ရွှင်း မင်းပျော်နေလားဟင်။
သူနဲ့ ဇောင်းမီ သခင်လေးကြားဗျာများနေခဲ့
သူကရုတ်တရက်ကြီးအစ်ကိုကြီးသခင်လေးနဲ့လက်ထပ်ရ
မယ်လို့ သခင်ကြီးကထုတ်ပြော
လာချိန်အိမ်ကနေပျောက်ကွယ်သွားတာ။

အခုလိုပြန်လာတော့လည်းတကယ်မထင်ထားတာ။ချန်းယောလ် သခင်လေးနဲ့နှစ်ဦးသဘောတူလက်ထပ်ထားပြီးဆိုတော့
အိမ်သားတွေအကုန်အံ့ဩမဆုံးဖြစ်ကုန်သည်။
သခင်ကြီးဆန္ဒအရရိုးရာအတိုင်းလက်ထပ်စေသည်။

အိမ်သားတွေကိုမမှတ်မိသော ရှစ်ရွှင်း အနေဖြင့်တဖန်မြင်
လိုက်ရသောအခါသူ့စိတ်ထဲဝမ်းသာဝမ်းနည်းခံစားရသည်။

.....

မိမိကိုယ်အားဝမ် နဲ့ထားခဲ့တဲ့လူကြီး
မုန်းတယ်။ငါကတနေ့လုံး အားဝမ် ကိုဘယ်လိုမျက်နှာနဲ့ကြည့်ရမလည်း၊အခုတောင်ရေချိုးခန်းထဲပြေးဝင်လာခဲ့ရတာ။

Marriage Life ( ChanHun )Where stories live. Discover now