I Love You! Don't Leave Me!

14.8K 1K 243
                                    

Park Chanyeol ရဲ့အလုပ်​​တွေ
ဒီ​နေ့ဘဲအပြီးသတ်​သွား​လေပြီ။
မနက်​ဖန်​ဆို ကျ​နော်​တို့် 
က​နေဒါကိုပြန်​​ကြ​တော့မှာမို့
ထုတ်​ထားတဲ့ပစ္စည်း​တွေကို
Luggage ​တွေထဲပြန်​လည်​သိမ်းဆည်း​နေရင်း
ကျ​နော့်​luggage ထဲမှာ ပါလာ​တဲ့
စာရွက်​က​လေးနှစ်​ရွက်​ကိုသတိထားမိလိုက်​တယ်

ထောင့်​စွန်း​လေး​တွေပင်​အနည်းငယ်
စုတ်​ပြဲကာ နွမ်းနွမ်း​လေးဖြစ်​​နေ​သော
ထိုစာရွက်​ကိုဖြန့်​ကြည့်​​လိုက်​တဲ့အခါမှာ​တော့
လက်​ထပ်​စာချုပ်​ဖြစ်​​နေတာကို​တွေ့လိုက်​ရတယ်​။

သူ နဲ့ ကျ​နော့်​ရဲ့ နှစ်​ဦးသ​ဘောတူ
လက်​မှတ်​ထိုးစာချုပ်​..............။

အခုထိကျ​နော်​နဲ့သူက
တရားဝင်​သက်​ဆိုင်​​နေ​သေးတာ
ဒါ​ပေမယ့်​ မနက်​ဖန်​ဆိုရင်​​တော့
ဒီစာချုပ်​ကအမှိုက်​ပုံးထဲ​ရောက်​ရ​တော့မယ်​။

ဟုတ်​တယ်​.....မနက်​ဖန်​ သူ့လက်​ထပ်​ပွဲ

မသိချင်​တဲ့အ​ကြောင်းကို
Park Chanyeol ကကျ​နော့်​ထံသတိ​ပေးတယ်​။
ဒီအ​ကြောင်းကိုကျ​နော်​ကြားရင်
ဘာလုပ်​မယ်​လို့သူထင်​လို့သတိ​ပေးရသလဲ?

သူ့ကို ကျ​နော့်​ရင်​ထဲကထုတ်​လိုက်​သင့်​​ကြောင်း
အသိ​ပေး​နေတာလား?
ကျ​နော်​မပိုင်​​တော့တဲ့သူ့ကို
ကျ​နော့်​ရင်​ထဲကထုတ်​ဖို့
အချိန်​​ လေးနှစ်​ကမလုံ​လောက်​​သေးလို့ပါ။
သူ့ကိုရင်​ထဲထည့်​ထားရတာ
ဘယ်​လောက်​နာကျင်​တယ်​ထင်​လဲ?
ကျ​နော်​လည်းပင်​ပန်းတာဘဲ!

စာရွက်​​ပေါ်ကသူ့လက်​မှတ်​က​လေးကို
ထိလိုက်​ချိန်​ ကျ​နော့်​ရင်​က​အောင့်​သည်​။

ဘာလို့ ခဏ​​လေးပြန်​လာတဲ့ကျ​နော့်​ကို
စိတ်​ချမ်းသာစရာက မဆီးကြိုရတာလဲ?
ကျ​နော်​ထွက်​သွားခဲ့တဲ့​လေးနှစ်​အချိန်​တုန်း​က
သူလက်​ထပ်​ခဲ့ရင်​​တောင်
ကျ​နော်​ခံသာဦးမယ်​ထင်​တယ်​။

စာရွက်​​ပေါ်သို့
မျက်​ရည်​တစ်​​ပေါက်​ကျသွား​တော့မှ
ကျ​နော်​ငို​နေမှန်းသိလိုက်​တယ်​။
ကျ​နော်​ထားခဲ့တုန်းက
သူဘယ်​​လောက်​ခံစားရမလဲ ကိုယ်​ချင်းစာနိုင်​ခဲ့ပြီ။
ရင်​ဘတ်​ကိုဓားနဲ့မွှန်းပြီး
နှလုံးကိုအစိတ်​စိတ်​အမွှာမွှာဖြစ်​​အောင်​ဆုတ်​ဖြဲ​နေသလိုဘဲ!

ချိုမြိန်သော...မုန်းတီးခြင်းWhere stories live. Discover now