Part-14

8.4K 845 237
                                    

Oh Sehun အားစိန်​​ခေါ်ခဲ့ပြီး
သုံးရက်​​မြောက်​​သော​နေ့အထိ
Luhan ပြန်​ဆပ်ရမည့်​​ငွေပမာဏကိုမစုနိုင်​​သေးပါ။
ငွေ​ချေးလုပ်​ငန်း​တော်​​တော်​များကိုစုံစမ်းပြီး
သွားကြည့်​ခဲ့​ပေမယ့်​ သူတို့ဟာ Luhan ၏ ကိုယ်​​ရေးအချက်​အလက်​ကိုမြင်​ပြီးတစ်​မျိုးမဟုတ်​တစ်​မျိုးဖြင့်​​ရှောင်​လွဲကြသည်​။တစ်​ချို့သည်​ နာမည်​ကြားရုံနဲ့တင်​မ​ချေးဘူးဟု​အော်​​ထုတ်​​သေးသည်​။

အချိန်​ကား ​လေးရက်​သာကျန်​​တော့သည်​။

Luhan Oh Sehun ၏ပိုက်​ဆံ​တွေကိုမဆပ်​နိုင်​လျှင်
ထောင်​ထပ်​ကျရင်​ကျ မကျရင်
သူ့ကျွန်​အဖြစ်​ဆက်​​နေရလိမ့်​မည်​။
သူ့ကျွန်​အဖြစ်​​နေရင်း ဂျီ​ယောင်းနှင့်​သူ့ကို luhan  ရင်​မဆိုင်​နိုင်​ပါ။ သူ့အ​ကြွေးကိုမရ ရ​အောင်​ဆပ်​မှဖြစ်​မည်​။

လေးရက်​​မြောက်​​သော​နေ့။

Luhan နှင့်​​ထောင်​ထဲတွင်​ရင်းနှီးခဲ့​သော လူတစ်​​ယောက်​။
သူသည်​လည်း Luhan လွတ်​လာပြီးရက်​မကြာ ပြန်​လွတ်​လာ​သောသူဖြစ်​သည်​။

သူ့အကူအညီဖြင့်​ Luhan ​ငွေး​ချေးလုပ်​ငန်းတစ်​ခုနှင့်​အဆက်​အသွယ်​ရလိုက်​သည်​။
တရားဝင်​​ငွေ​ချေးလုပ်​ငန်းမဟုတ်​​သော်​လည်း
Luhan အတွက်​ လုံ​လောက်​​သော​ငွေပမာဏကိုမြန်
မြန်​ဆန်​ဆန်​ရနိုင်​မည့်​​နေရာဖြစ်​တာ​ကြောင့်
ထိုမိတ်​​ဆွေညွှန်​လိုက်​​သော​နေရာဆီသို့လိုက်​လာခဲ့သည်​။

တရားဝင်​​မဟုတ်​သည့်​အတွက်
ထိုလုပ်​ငန်းကိုလုပ်​ကိုင်​​နေသည့်​လူ​တွေသည်​လည်း
လူ​ကောင်းမဟုတ်​ဟုLuhan ​တွေးထားမိပြီးဖြစ်​သည်​။

ကြီးမား​သောတိုက်​ကြီးထဲသို့
Luhan ​ရောက်​လာပြီး
အနက်​​ရောင်​လူဝဝကြီးတစ်​​ယောက်​​က
စောင့်​ခိုင်းထား​သော
ဧည့်​ခန်းတွင်​ ​တွေ့ရမည့်​အဓိကလူကိုထိုင်​​စောင့်​​နေရသည်​။

အပြင်​အဆင်​သည်
သားနား​သော်​လည်း
စိတ်​ထဲမနှစ်​မြို့မှုကသာကြီးစိုး​နေလျက်​....

ထောင်​ကျ​နေ​သောလူ၏ အသိဆိုမှ​တော့
ထို​ငွေ​ချေးသည့်​လူသည်​လည်း
အကျင့်​စာရိတ္တ​ကောင်းမည်​ဟု ​မျှော်​လင့်​နိုင်​စရာမရှိပါ။

ချိုမြိန်သော...မုန်းတီးခြင်းWhere stories live. Discover now