Part-3

10K 744 11
                                    

မနက်​​စော​စောတစ်​ခုတွင်​ဖြစ်​သည်​။

ဝယ်​သူမရှိတဲ့​ပေါင်​မုန့်​​တွေက ရက်​လွန်​သွားပြီမို့
သူ မှန်​​ကောင်​တာအတွင်းမှပြန်​ထုတ်​ယူ​နေရသည်​။

အလုပ်​​တွေရှုပ်​​နေသည်​ဟူ​သော
အ​ကြောင်းပြချက်​ဖြင့်​ သူနဲ့မ​တွေ့ဖြစ်​ခဲ့သည်​မှာ
တစ်​ပတ်​ခန့်​ရှိ​လေပြီ။

Online မှအဆက်​အသွယ်​ရှိ​နေ၍သာ
သူမ အ​ခြေအ​နေကို​နေ့တိုင်းကြားသိ​နေ၍​တော်​​တော့သည်​။

စတူဒီယိုမှာဓာတ်​ပုံရိုက်​ရင်း
ခဏလာတဲ့ ဧည့်သည် ​​producer က သူမပုံစံကိုမြင်​​တွေ့ပြီးသ​ဘောကျသွားခဲ့ခြင်းဟုသူမ​ပြောသည်​။

အဆင်​သင့်​ရှိ​နေ​သော ဇာတ်​ညွန်းအသစ်​မှ
Character သည်​ သူမနှင့်​ထပ်​တူကျ​နေ၍
ထိုဇာတ်​လမ်းကိုရိုက်​ကူးရန်​ စီစဉ်​​နေကြ​သော​ကြောင့်​ သူမ မအားခြင်းဟုလည်းအသိ​ပေးသည်​။

ဗန်းထဲတွင်​ ပြည့်​လျှံသွား​သော ​ပေါင်​မုန့်​မာမာ​တွေကိုကြည့်​ရင်း ​ကော်​ဖီပူပူတစ်​ခွက်​နဲ့ ​နေ့လည်​စာအဖြစ်​စားပစ်​လိုက်​ဖို့သူ​တွေးလိုက်​သည်​။

"ပွမ်​!ပွမ်​!!"

ဆိုင်​​ရှေ့တည့်​တည့်​မှ ကားဟွန်းသံ​ကြောင့်
သူ​မော့ကြည့်​လိုက်​သည့်​အခါ ​ဆေး​ရောင်​အနည်းငယ်​လွင့်​​နေ​သော ကားတစ်​စီးရပ်​ထားသည်ကို​တွေ့လိုက်​ရသည်​။

ထို့​နောက်
ကားမှန်​အနက်​က တ​ဖြေး​ဖြေး​လျှောကျလာကာ
ကားအတွင်းမှ သူမက သူ့ကိုလက်​ရက်​ကာလှမ်း​ခေါ်​လေသည်​။

မှုန်​မှိုင်း​နေ​သောမျက်​နှာသည်
သူမကိုမြင်​လိုက်​ရုံနှင့်​ ပြုံးသွားမိကာ
လက်​ထဲက​ပေါင်​မုန့်​​ဗန်းကိုချ
Apron မှာလက်​ကိုမြန်​မြန်​သုတ်​ပြီး
ချွတ်​ခဲ့ကာ ဆိုင်​ပြင်​ကို​ပြေးထွက်​ခဲ့လိုက်​​တော့သည်​။

"ဂျီ​ယောင်း.. "

"ကို...ကား​ပေါ်တက်​ "

" Hmm?...ဘာလို့လဲ?"

"လာပါ...ကိုရာ...တက်​စမ်းပါ "

ခပ်​ပြုံးပြုံးနှင့်​သူမကအတင်း​ပြောလာ​တော့
သူကား​ပေါ်တက်​ထိုင်​လိုက်​မိ​တော့သည်​။

ချိုမြိန်သော...မုန်းတီးခြင်းWhere stories live. Discover now