Part-10

8.9K 827 219
                                    

နှစ်​ရက်​​မြောက်​​နေ့။

Oh Sehun နှင့်​​တွေ့ခဲ့ပြီးနှစ်​ရက်​​မြောက်​​သော​နေ့။

Luhan ထိုCompanyအ​ဆောက်​အအုံ​ရှေ့​နောက်​တစ်​​ခေါက်​ပြန်​​ရောက်​လာရသည်​။

ဝင်​ရ မဝင်​ရ ​ဝေခွဲရင်း
ထို​နေ့ကအ​ကြောင်းကိုပြန်​စဉ်းစားမိသည်​။

ငါ့ရဲ့ကျွန်​!

" hk!....ကျွန်​?....ဒီ​ကောင်​ ​သောက်​ရူးလား?"

စ​တွေ့ကတည်းက မျက်​နှာ​ပေးကိုသ​ဘောမကျခဲ့တာ ထိုစကားတစ်​ခွန်းကသူ့ရဲ့​ထိန်းထား​သော​ဒေါသအားလုံးကိုပွင့်​ထွက်​လိုက်​​စေသည်​။

စိတ်​တိုတိုနဲ့ထိုးကြိတ်​ခဲ့မိတာ
သူ့ရဲ့လက်​​ထောက်​ဆိုသူ ဝင်​လာပြီး ဆွဲမှရပ်​တန့်​မိသည်​။အထိုးခံရတာ​တောင်​ ပြုံး​နေတဲ့ Oh Sehunရဲ့မျက်​နှာကိုသူအခုထိမ​မေ့သေး။

ဒီအသက်​အရွယ်​​လောက်​နဲ့
ဘာလို့ဒီ​လောက်​ရက်​စက်​​​သွေး​အေး​နေရလဲသူ
မ​တွေးတတ်​။

Luhan သူ့​ငွေ​တွေကိုမဆပ်​ဖူးဟုမ​ပြော။
ရှာနိုင်​ဖို့အချိန်​လုံလုံ​လောက်​​လောက်​ကိုဘဲလိုချင်​တာဖြစ်​သည်​။သို့​သော်​ နည်းနည်းမှညှိမရ​သော ထိုလူသည်​ အမြတ်​ကြီးစားလား?ကိုယ်​ချင်းမစာတတ်​တာလား?ဘယ်​လို​မှ​တွေးမရ။

ထို​နေ့ကပြန်​လာပြီး
ငွေရဖို့အလုပ်​​တွေစုံစမ်းသည်​။
သို့​သော်​ လိုအပ်​​သော​ငွေ​တွေအားလုံးကို ထိုအလုပ်​​တွေမှလည်းမစု​ဆောင်းနိုင်​တာ​သေချာ​နေသည်​။
ချေး​ငွေကိုပြန်​ဆပ်​ဖို့ရာ ​နောက်​ထပ်​​ချေး​ငွေယူဖို့ရန်​လည်းမဖြစ်​။ အခုဆို သူ့မှာချပြစရာပိုင်​ဆိုင်​မှုတစ်​ခု​တောင်​မရှိ​တော့တာမဟုတ်​လား။ သူရ ထားတဲ့ဘွဲ့နဲ့အလုပ်​​လျှောက်​ဖို့ပြင်​ဆင်​ခဲ့​ပေမယ့်​ ​ထောင်​ကျခဲ့​သောအမည်းစက်​တစ်​ခုနဲ့ပင်​ ဘယ်​လုပ်​ငန်းကမှအလုပ်​မ​ပေးချင်​ပြန်​။

ဂျီ​ယောင်းမှာဆိုလျှင်​ ထို​ငွေပမာဏရှိ​နေမည်​မှာ​သေချာ​သော်​လည်း သူ မ​တောင်းခံလို။
သူ့မှာ တင်းခံ​နေ​သောမာနကရှိ​နေ​သေးသည်​။

ချိုမြိန်သော...မုန်းတီးခြင်းWhere stories live. Discover now