Final

14.5K 954 207
                                    

Luhan အိပ်​ယာကနိုး​တော့
ရောင်​နီ​တောင်​မလာ​သေးချိန်။

အခန်းတွင်းမှာလည်း
ကောင်းကင်​၏မိုးပြာ​ရောင်​​ဖျော့​ဖျော့သာလွှမ်းခြုံ ထားပြီး ​​ပင်​လယ်​​မှလှိုင်းပုတ်​သံတို့ကလွှမ်းမိုးထား​လေသည်​။

အိပ်​ယာမှထလိုက်​​တော့
ခါး​အောက်​ပိုင်းမှဆိုးရွားသည့်​နာကျင်​မှု။
နှင့်​ ခန္တာကိုယ်​အ​ပေါ်ပိုင်းတစ်​ခုလုံးလည်း ခရမ်း​ရောင်​သို့ ကူး​ပြောင်း​နေပြီဖြစ်ေ​သာ
ကိုက်​ရာတစ်​ချို့ ဖြင့်​ချယ်​သထားလျက်​။

နံ​ဘေးမှသူက​တော့
နှစ်​ခြိုက်​စွာအိပ်​​မောကျ​နေဆဲ။

တစ်​ထည်​တည်း​သော​စောင်​ကို
အဝတ်​မဲ့​နေ​သောသူ့ကိုယ်​​ပေါ်ဆွဲခြုံ​ပေးရင်း
ဖြူ​သောသူ့မျက်​နှာနုနုအား​ငေး​မောမိသည်​။

ပါးပြင်​ပေါ်သို့ ဖွဖွထိ​တွေ့ရန်
လက်​​ရွယ်​လိုက်​ပြီးမှ
သူနိုးသွားမည်​ဆိုး၍ ပြန်​ရုတ်​လိုက်​ကာ

အခန်းအပြင်​သို့ထွက်​ပြီး
လူတစ်​​ယောက်​ဆီဖုန်း​ခေါ်လိုက်​ရင်း
သူရှိ​နေ​သောမြို့နှင့်​တည်​​နေရာကို​ပြောပြလိုက်​သည်​။

"သူ့ကိုလာ​ခေါ်​ပေးပါ......ပြီး​တော့.......
ဂရုစိုက်​​ပေးပါ...... "

ထို့​နောက်​ အိပ်​​ပျော်​​နေ​သောသူ့အား
နောက်​ဆုံးအ​နေဖြင့်​တစ်​ချက်​လှမ်းကြည့်​ရင်း............................

တောင်းပန်​ပါတယ်​........Sehun......

.............

Taxi ​ပေါ်မှဆင်းဆင်းချင်း
လေဆိပ်​အပြင်​ဘက်​တွင်
သူ့အားရပ်​​စောင့်​​နေ​သော Park Chanyeol အား
တွေ့ရ​လေသည်​။

သူ့ဆင်းလာသည်​ကိုမြင်​တာနဲ့
အ​ပြေးလာရင်း ပါးလျ​သောရှပ်​လက်​ရှည်​တစ်​ထည်​တည်းသာဝတ်​ထား​သောသူ့အား သူ၏ကုတ်​အင်္ကျီရှည်​ဖြင့်​လွှမ်းခြုံ​စေပြီး

"သွားရ​အောင်​ Luhan..... "

သူ​ခေါင်းငြိမ့်​လိုက်​မိသည်​။

ဤ သို့ဖြင့်​ သူ့​ခြေလှမ်း​တွေသည်​​လေဆိပ်​ဆီဦးတည်​ရင်း.......

ချိုမြိန်သော...မုန်းတီးခြင်းWhere stories live. Discover now