Part-21

9.8K 889 81
                                    

Luhan နိုးလာ​တော့ ​နွေး​ထွေးတဲ့ အိပ်​ယာတစ်​ခု​ပေါ်​ရောက်​​နေခြင်းဖြစ်​သည်​။
အခန်းကိုမြန်​မြန်​စူးစမ်းလိုက်​​တော့ အရင်​ကတစ်​​ကြိမ်​​ရောက်​ဖူးသလိုခံစားလိုက်​ရသည်​။

ကုတင်​​ပေါ်တွင်​ သူ ငုတ်​တုပ်​ထိုင်​ကာ
စဉ်းစား​နေစဉ်​ အခန်းတံခါးပွင့်​လာပြီး
Sehun သည်​ ​ဗန်းတစ်​ချပ်​ကိုသယ်​ရင်းဝင်​လာသည်​။

Sehun ရဲ့အိမ်​?

ဘယ်​က​နေ .....ဘယ်​လိုဖြစ်​ပြီး......

သူ​တွေး​နေစဉ်​မှာပင်
Sehun ကသူ့ကုတင်​​ဘေးလာထိုင်​ပြီး
သယ်​လာ​သော​ဗန်းကို သူ့​ပေါင်​​ပေါ်တင်​​ပေးသည်​။

"စားလိုက်​ "

စဉ်းစားစမ်း!
မ​နေ့ညက သူ့ကိုSehun လာ​ခေါ်တာလား?
သူ ဆိုင်​​ရှေ့မှာ​မေ့သွားခဲ့တာထင်​တယ်​!
ဒါမယ့်​ Oh Sehun က လာ​ခေါ်ပါ့မလား?
ဒီလိုဖြစ်​​အောင်​ တမင်​လုပ်​ထားတာကို​လေ.....

Sehun အား ပြူး​ကြောင်​ကာကြည့်​​နေဆဲသူ့ကို

" ဘာ​ကြည့်​​နေတာလဲ?....မြန်​မြန်​စား! ပြီးရင်​​ဆေး​သောက်​ရဦးမှာ!"

"အွန်းးပါ "

သူထမင်းစားပြီး​တော့လည်း
ဆေးတိုက်​သည်​။
အနာ​ပေးပြီး​ဆေး​ပေး​နေ​သောSehunသည်
နောက်​ထပ်​ဘယ်​လိုအစီအစဉ်​မျိုးကြံစည်​ထားပြီးပြီလဲဟု​တွေးမိသည်​။

" Luhan....မင်းကအရူးလား?"

"Hmm? "

" ငါ​ပြောတဲ့လူ မလာရင်​လည်း
ထပ်​​စောင့်​မ​နေဘဲ အိမ်​ပြန်​​လေ!! "

"မင်းဘဲ....မလာမချင်း​စောင့်​လို့​ပြောထားပြီး "

Luhan မ​ကျေမနပ်​အတွန့်​တက်​လိုက်​​တော့
သူက စိုက်​ကြည့်​လာပြီး

"ငါကအဲ့လို​ပြောတိုင်းမင်းနာခံမှာလား? "

"......... "

"ဒါဆို....ငါ​ပြောမယ်​!.....Park Chanyeol နဲ့မပတ်​သပ်​နဲ့ "

"Hmm?....အဲ....မ​နေ့က....မ​နေ့ကသူနဲ့​တွေ့​သေးလားဟင်​? "

Park Chanyeol နှင့်​မပတ်​သပ်​ဖို့
တားဆီး​နေ​သောသူ့​ရှေ့တွင်
ထိုလူ့အ​ကြောင်းစိုးရိမ်​တကြီးထ​မေးလာ၍
Sehun ​စိတ်​တိုသွားသည်​။

ချိုမြိန်သော...မုန်းတီးခြင်းWhere stories live. Discover now