Part-17

8.8K 865 112
                                    

"ဟုတ်​ကဲ့...ဒါဆို....ကျ​နော်​တို့ ​နောက်​မှ​ထပ်​ 
တွေ့ကြတာ​ပေါ့ "

"ဟုတ်​ကဲ့.....​​ကောင်းပါပြီ "

ရှယ်​ယာရှင်​တစ်​ဦးနှင့်​လက်​ဆွဲနှုတ်ဆက်​ကာ
လမ်းခွဲခဲ့ပြီး​နောက်
သူ Hyung ​စောင့်​​နေ​သော ကား​ပေါ်သို့တက်​လိုက်​သည်​။

"အခု ဘယ်​ကို ပို့​ပေးရမလဲ?CEO Oh "

နောက်​သို့မြင်​ရ​သောမှန်​တဆင့်
လှမ်းကြည့်​လိုက်​တဲ့အခါ
ကားကူရှင်​ကို​ခေါင်းမှီလျက်
မျက်​လုံး​တွေမှိတ်​ကာနား​နေတဲ့Sehun.......

Yixing အလိုက်​တသိနှင့်
တိတ်​တဆိတ်​​နေ​ပေးလိုက်ပြီး
ခဏအကြာ သူက မျက်​ရိုး​တွေကိုလက်​နှင့်​ဖိနှိပ်​​နေရင်းမှ

"ဒီ​နေ့အတွက်​ Schedule က ဒါဘဲမလား? "

" ဟုတ်​ပါတယ်​..."

"ဒါဆို အိမ်​ပြန်​ရ​အောင်​ Hyung..... "

Yixing ​ခေါင်းငြိမ့်​လိုက်​သည့်​အခါ
သူကမျက်​စိ​တွေပြန်​မှိတ်​သွားပြီး
ခေါင်းကိုမှီထား​လေ​တော့သည်​။

ဒီတစ်​ပတ်​အတွင်း အလုပ်​​တွေဆက်​​နေသည်​​ကြောင့်​ Sehun အ​တော်​ပင်​ပန်း​နေပုံရသည်​။
တကယ်​​တော့
အလုပ်​​တွေက ထူးထူးခြားခြားများလာသည်​မဟုတ်​။ Sehun ကိုယ်​တိုင်​က ဖိတွန်းကာလုပ်​​နေခြင်း​ကြောင့်​ပင်​။ ယခင်​က တခြားသူ​တွေနှင့်​လွှဲ​လေ့ရှိ​သောအလုပ်​များကိုပါ သူကိုယ်​တိုင်​ဝင်​လုပ်​လာ​တော့ နားချိန်​ကမရှိ​သ​လောက်​ ဖြစ်​​နေ​တော့သည်​။

အလုပ်​​တွေထဲ​ခေါင်းနှစ်​ပြီး
နေရတဲ့ဘဝကို Sehun မုန်းတာ Yixing အသိဆုံးဖြစ်​သည်​။
အခုလို အလုပ်​​တွေကုန်းလုပ်​​နေသည်​မှာ သူစိတ်​​ပျော်​လို့မဟုတ်​။
သူ့စိတ်​​တွေကို​ပြောင်းရန်​ဖြစ်​သည်​။

တငြိမ့်​ငြိမ့်​​ရွေ့လျား​နေ​သောကားသည်
ရပ်​သွားတာမို့ Sehun အိမ်​​ရောက်​ပြီထင်​မှတ်​ကာ
မျက်​စိ​တွေကိုဖွင့်​လိုက်​​တော့ သူတို့ မီးပွိုင့်​ မိလို့ ​ခေတ္တရ​ပ်​နေခြင်းသာဖြစ်​သည်​။

လေးလံ​နေတဲ့ မျက်​​တောင်​​တွေကိုအနည်းငယ်​ပုတ်​ခတ်​ရင်း ကားမှန်​မှတဆင့်​ နံ​ဘေးသို့ကြည့်​လိုက်​တဲ့အခါ သူ့မျက်​ခုံး​တွေပင့်​တက်​သွားရသည်​။

ချိုမြိန်သော...မုန်းတီးခြင်းWhere stories live. Discover now