Part-8

8.1K 748 45
                                    

တစ်​ခု​သောနံနက်​​စော​စောတွင်
Oh Group ၏ CEO အနားယူလိုက်​​သော
သတင်းနှင့်​ သားဖြစ်​သူ Oh Sehun အား ကုမ္ပဏီ ကိုလွှဲ​ပြောင်းလိုက်​ပြီဖြစ်​​သော သတင်းတို့မှာ
တောင်​ကိုရီးယားနိုင်​ငံ၏ ထုတ်​လွှင့်​သမျှသတင်းchannel တိုင်းတွင်​ပျံ့ နှံ့ လျက်​ရှိသည်​။

ကုမ္ပဏီကို တည်​​ထောင်​လာသည့်​တစ်​​လျှောက်
မည့်​သည့်​အ​ကြောင်းနှင့်​မျှ
လူလုံးထွက်​မပြခဲ့​သော သားဖြစ်​သူက
ကုမ္ပဏီ ကိုဦးစီးမည့်​သတင်း​ကြောင့်
လူအများအပြား၏အာရုံစိုက်ခြင်းကိုအပြည့်​အဝရရှိ​နေ​လေသည်​။

အဘက်​ဘက်​မှ​စောင့်​ကြည့်​​နေ​သော
မျက်​လုံးများသည်​ Sehun ကို ​နေရခက်​​စေသည်​။
သို့​သော်​ Appa ကို​ပေးထား​သောကတိအတိုင်း
သူ​ပြောင်းလဲရမည်​။
Appa လိုချင်​သည့်​ပုံစံအတိုင်းသူ​နေရ​တော့မည်​။

Appa ၏ကတိဆိုတာထက်
သူ့ဘဝ၏ ရည်​မှန်းချက်​ ပန်းတိုင်​တို့​ ပျောက်​ကွယ်​သွား၍ သူကိုယ်တိုင်လည်း​​​လမ်း​ပျောက်ေ​န၍ဆိုလည်းဟုတ်​သည်​။ တကယ်​​တော့ သူ့ ဘဝတစ်​ခုလုံးကိုဆုံးရှုံးလိုက်​ရတာဖြစ်​သည်​။
ရာအွန်းအ​ကြောင်းစဉ်းစားမိလျှင်
တစ်​စုံတစ်​​ယောက်​၏မျက်​နှာက သူ့အ​တွေးထဲတွင်​မြင်​​ယောင်​လာသည်​။

လက်​သီးကိုကျစ်​ကျစ်​ဆုပ်​ရင်း
စားပွဲကိုထုချလိုက်​မိ​တော့သည်​။

"Ceo oh...ကျ​နော်​ YiXing ပါ.... "

"ဝင်​ခဲ့ Hyung......အဆင်​​ပြေလား? "

"Ceo ​ပြောသလို ​သေချာလုပ်​ခဲ့ပါတယ်...
သူအထဲ​ရောက်​သွားပါပြီ... "

Sehun ​ကျေနပ်​ကာ ပြုံးလိုက်​သည်​။

မင်း​တော့ ​သေပြီမှတ်​ LUHAN!

____အကျဉ်း​ထောင်​၌ဖြစ်​သည်​။

အကျဉ်းသားများအား
နေ့ခင်းဘက်​ ​မြေကွက်​လပ်​တစ်​ခုတွင်
စုပြီးလွှတ်​ထားသည်​။
မြက်​ခင်းပြင်​သည်​ မြင့်​မား​သောတံတိုင်းဖြင့်​ကာရံထားသည်​။တံတိုင်း၏အထက်​တွင်​လည်း
သံဆူးကြိုးများရှိ​နေ​သေးသည်​။မြက်​ခင်းပြင်​ကြီး၏ ​ထောင့်​တစ်​​နေရာစီတွင်​ ​စောင့်​ကြည့်​​သော ​မျှော်​​စင်​တစ်​ခုစီရှိပြီး ​​မျှော်​စင်​​ပေါ်တွင်​ တာဝန်​ကျအရာရှိက ​သေနတ်​ထမ်းလျက်​​စောင့်​ကြည့်​​နေသည်​။

ချိုမြိန်သော...မုန်းတီးခြင်းWhere stories live. Discover now