Part-13

8K 817 123
                                    

Bus ကားမှတ်​တိုင်​သို့အ​ရောက်
သူ့ဖုန်းထဲသို့ဝင်​လာ​သော Message ​ကြောင့်
Luhan ဖွင့်​ကြည့်​လိုက်​သည့်​အခါ
ဂျီ​ယောင်းက ​တွေ့ကြမည့်​ဆိုင်​​နေရာကို​ပြောင်းပြီးလိပ်​စာပို့လိုက်​ခြင်းဖြစ်​သည်​။

Luhan နှင့်​သူမ အတူတူတစ်​ခါမျှမသွားဖူး​သော
တရုတ်​ရိုးရာစား​သောက်​ဆိုင်​တစ်​ခု။

Luhan လည်း​​ပြောင်းသွားသည့်​လိပ်​စာအတိုင်း
Bus စီးရမည်​ကို ​ပြောင်းလိုက်​​တော့သည်​။
....

ဂျီ​ယောင်း​​တို့​ရောက်​​နေသည်​မှာ
တရုတ်​ရိုးရာ စား​သောက်​ဆိုင်​ကြီးတစ်​ခု၌ဖြစ်​သည်​။ ဆိုင်​တစ်​ခုလုံးတွင်​ ရိုးရာတီးလုံးသံက
ငြိမ့်​​ညောင်းစွာပြန့်​လွင့်​​နေပြီး စားပွဲထိုးမိန်းက​လေးများကလည်း ရိုးရာဝတ်​စုံများဝတ်​ဆင်​ထားကာ မျက်​နှာများကိုလည်းအ​ရောင်​စုံချယ်​သထားကြသည်​။

အ​ရောင်​စုံ​သော ပိတ်​စများက
ဆိုင်​၏ ​အောက်​ထပ်​တစ်​ထပ်​လုံးရှိ
စားပွဲဝိုင်း​လေး​တွေကြား တန်းလန်း​လေး​တွေချထားလျက်​.......

ဆိုင်​၏အပြင်​အဆင်​နှင့်
ကောင်းမွန်​​သောဝန်​​ဆောင်​မှု​ကြောင့်
စားသုံးသူဧည့်​သည်​များ သည်​လည်း
တစ်​ဆိုင်​လုံးတွင်​အပြည့်​ဖြစ်​သည်​။

သူမ​တို့နှစ်​​ယောက်​ရှိ​နေသည်​က​တော့
ဆိုင်​၏အ​ပေါ်ထပ်​မှ
သီးသန့်​ခန်းတစ်​ခန်းတွင်​ဖြစ်​သည်​။

အ​ပေါ်ထပ်​တစ်​ထပ်​လုံးသည်
အနည်းငယ်​ကျယ်​​သော သီးသန့်​ခန်း​လေး​တွေနှင့်​ပြင်​ဆင်​​ပေးထားပြီး တရုတ်​ကုန်​သည်​ကြီးများ
အများစု စု​ဝေး​လေ့ရှိ​သောဆိုင်​လည်းဖြစ်​သည်​။

စားစရာတစ်​ချို့မှာထားနှင့်​ပြီး
သူမတို့ Luhan ​ရောက်​အလာကို
စောင့်​​နေကြခြင်းပင်​။

စောင့်​​နေခြင်း ဟုဆို​ပေမယ့်
ဂျီ​ယောင်း​ကြောက်​​နေသည်​။
Luhan ​ရောက်​လာသည့်​အခါ
ထိုလူနှင့်​ဂျီ​ယောင်း၏ပတ်​သပ်မှုကို
မေးလာလိမ့်​မည်​။

ချိုမြိန်သော...မုန်းတီးခြင်းWhere stories live. Discover now