Part-1

25.1K 1K 29
                                    

"Oh Sehun!!!....မင်းအခု ငါ့​ရှေ့ကိုလာခဲ့စမ်း! "

အိမ်​ထဲသို့ဝင်​ဝင်​ချင်း Appa ၏ ​ဒေါသတကြီး​အော်​​ခေါ်သံ...

အိမ်​​အ​ပေါ်ထပ်​ ​လှေကားဆီလှမ်းရန်​ပြင်​​နေ​သော
သူ့ ခြေလှမ်း​တွေကို ​ဘေးတစ်​ဖက်​က ဧည့်​ခန်းဆီပြန်​လှည့်​လိုက်​သည်​။

ကား​သော့ကို လက်ညှိုးထိပ်မှာ စွပ်​ပြီး​​အဝိုင်းလိုက်​လှည့်​​ကာဆော့ရင်း ​Appa ​ရှေ့မှ ဆိုဖာခုံကြီး​ပေါ်သို့ ဝုန်းခနဲပစ်​ထိုင်​ချလိုက်​သည့်​အခါ Appa က မျက်​နှာကြီးမာန်​မဲလျက်​စိုက်​​ကြည့်​တာကိုခံလိုက်​ရ​ပေမယ့်​ သူ ​လေချွန်​​ရင်း ဂရုမစိုက်​ထားလိုက်​သည်​။

သူ့​ရှေ့မှာ ဟိုဘက်​ဒီဘက်​ကို အ​ခေါက်​​ခေါက်​အခါခါလမ်း​လျှောက်​​နေတဲ့ Appa ဆီမှ စကားသံက​တော်​​တော်​နဲ့ထွက်​မလာတာမို့
သူ လည်း ​ရှေ့မှဖန်​စားပွဲထက်​က စပျစ်​သီး​တွေကို ပါးစပ်​ထဲသို့ တစ်​လုံးပြီးတစ်​လုံး​ကောက်​ထည့်​​နေလိုက်​သည်​။

"ဟမ်း!! "

သက်​ပြင်းချသံအကျယ်​ကြီးကြားလိုက်​ရပြီး​နောက်
Appa က မျက်​နှာချင်းဆိုင်​ဆိုဖာမှာ ထိုင်​ချလိုက်​ပြီး သူ့ကိုတည့်​တည့်​ကြည့်​လာ​သည်​။

သူဂရုမစိုက်​....

စပျစ်​သီးလည်းအစားမပျက်​....

အ​စေ့​တွေလည်း ​ထွေးထုတ်​မပျက်​....

"မင်းအခု ဟိုမိန်းက​လေးနဲ့​တွေ့လာပြန်​ပြီမလား? "

"အဲ့​တော့? "

မျက်​ခုံးပင့်​ကာ
မျက်​လုံးတစ်​ချက်​လှန်​ကြည့်​ပြီး​နောက်
လက်​ဖဝါးထဲမှ ​စပျစ်​သီး​တွေကိုလှိမ့်​​နေလိုက်​သည်​။

မထီမဲ့မြင်​ပြုလိုက်​​သော သူ့အပြုအမူက
Appa အတွက်​ မြင်​​တွေ့​နေကျထုံးစံမို့
အထူးတလည်​​အော်​​ငေါက်​မ​နေ...

အော်​ Appa လည်း အချိန်​ကြာလာ​တော့
ဒေါသထိန်းနိုင်​လာပြီဘဲ...
သည်းခံနိုင်​မှုမြင့်​တက်​လာတယ်​လို့ဆိုလည်းရနိုင်​မယ်​....

ချိုမြိန်သော...မုန်းတီးခြင်းWhere stories live. Discover now