Part-12

8.8K 786 170
                                    

"Ceo oh nim....ကျ​နော်ေ​​ရာက်​ပါပြီ!"

Yixing ဝင်​လာ​တော့
Sehun သည်​ သူ့ရဲ့အလုပ်​စားပွဲတွင်​ရှိ​နေပြီး
လက်​ထဲမှ CD ပြားတစ်​ချို့ကို ဖင်​​ပြန်​​ခေါင်းပြန်​ကြည့်​​နေသည်​။

Sehun ၏စားပွဲ​ပေါ်တွင်​​တော့
ကြွပ်​ကြွပ်​အိတ်​အနက်​တစ်​လုံး....

မဟုတ်​မှ?

"သွားရ​အောင်​ Hyung!....ကျ​နော့်​CD ​တွေကိုအသက်​နဲ့ရင်းပြီးသွားယူ​ပေးတဲ့ LUHAN ကို ကျ​နော်​လူနာသွား​မေးသင့်​တယ်​မလား? "

CD ​တွေကိုချလျက်
သူ့အနား​လျှောက်​လာရင်း Sehun က ​ပြောသည်​။

သူ Sehun ကိုအံ့အားသင့်​စွာ​ငေးကြည့်​မိသည်​အထိ.......။

ကုတ်​ကိုကျကျနနဝတ်​လျက်
ဆံပင်​ကိုအနည်းငယ်​ လက်​နဲ့ပုံသွင်း​နေ​သော
Sehun .....

သူ့ရဲ့ ဘာမှတန်​ဖိုးမရှိတဲ့ CD ​ခွေ​တွေကို
အ​ကြောင်းပြုပြီး ကိစ္စအကြီးကြီးကိုဖန်​တီးလိုက်​တာပါလား......
Luhan ကိုပစ္စည်းသွားယူဖို့အမိန့်​​ပေးတာလည်းသူ....
အဲ့ဒိပစ္စည်းကိုလာပို့တာလည်းသူ့လူ.....
ပစ္စည်းကိုလု​ပြေးတာလည်းသူ့လူဖြစ်​ပြီး......
Luhan ကိုမ​သေရုံတမယ်​ရိုက်​နှက်​သွားတာ​တွေလည်းသူ့လွှတ်​​သောလူ​တွေသာ....

ဒါကိုဘာမှမသိရှာတဲ့Luhan က
ဆေးရုံမှာ ​သွေးအလမ်းလမ်းဖြစ်​​နေတာ​တောင်
Sehun ၏ အ​ရေးကြီး​သောပစ္စည်းထုပ်​အလုခံလိုက်​ရတာကိုစိတ်​မ​ကောင်းကာ
Yixing မှတဆင့်​​တောင်းပန်​စကား​ပြောလိုက်​​သေးသည်​။

"Sehun ah.....မင်းဘာလို့ ဒီ​လောက်​..... "

အေးစက်​​သောမျက်​ဝန်းများသူ့ဆီ​ရောက်​လာချိန်​မှာ သူ့စကားတို့​ရှေ့မဆက်​နိုင်​။

ဘာလို့များ ဒီ​လောက်​​သွေး​အေးတာလဲ?

သူ့ကိုမျက်​လုံးအ​သေများဖြင့်​စက္ကန့်​အနည်းငယ်​စိုက်​ကြည့်​​နေပြီးတဲ့​နောက်
ကော့တက်​လာ​သောနှုတ်​ခမ်းစွန်းများ....

"သွားရ​အောင်​လေ......
ဘယ်​​​ဆေးရုံမှာလဲ? Hyung..... "

သူ့မှာဘာမှ​​ပြောခွင့်​မရှိပါ။
သူဆိုတာက Sehun ၏ အသက်​ဆယ့်​ရှစ်​နှစ်​ပြည့်​သည့်​​နေ့က Sehun အတွက်​ ခန့်​အပ်​ခြင်းခံခဲ့ရသည့်​ သက်​​တော်​​စောင့်​တစ်​​ယောက်​။
သူ့ရဲ့တာဝန်​က Sehun ကို​စောင့်​​ရှောက်​ရန်....Sehun ၏အမိန့်​ကိုနာခံရန်​သာဖြစ်​သည်​။
သံပတ်​​ပေးထား​သောစက်​ရုပ်​တစ်​ရုပ်​လို
တ​သွေမတိမ်းနာခံရင်း သူပို့​ဆောင်​ခိုင်းသည့်​​နေရာဆီသို့.........

ချိုမြိန်သော...မုန်းတီးခြင်းWhere stories live. Discover now