Part-6

8K 675 30
                                    

ညနက်​​နေပြီမို့ သူမဖုန်းကိုင်​လိမ့်မည်ဟု
မ​​မျှော်​လင့်​ထား​သော်​လည်း မိုး​သံ​လေသံတွေကြားမှ သူမအသံသည်
ဖုန်းတစ်​ဖက်​မှထွက်​​ပေါ်လာကာ

"ဟယ်​လို....Hun... "

"Noona...မအိပ်​​သေးတာလား? "

"ဟုတ်​တယ်​ Hun....Noona ဟွာအွန်းအိမ်​ပြန်​မလာ​သေးလို့လိုက်​ရှာ​နေတာ... "

"ဟင်​!...ဒါဆိုအပြင်​မှာလား?...ဟာ....မိုး​တွေရွာ​နေတယ်​​လေ​ဗျာ....ဟွာအွန်းကို​ရော
ရှာ​တွေ့ပြီလား? "

"ဟင့်​အင်း!...သူ​သွား​နေကျဂိမ်းဆိုင်​မှာလည်းမရှိဘူး... "

"Noona အခုအိမ်​ပြန်​လိုက်​​တော့...ကျ​နော်​လာခဲ့မယ်​...ဟွာအွန်းကိုကျ​နော်​ရှာပြီး​ခေါ်လာခဲ့မှာမို့ Noona ကအိမ်​ပြန်​​နေလိုက်​ပါ... "

Sehun ဖုန်းနှင့်​​ပြောလည်း​ပြော
အပြင်​ထွက်​ရန်​ ကုတ်​အင်္ကျီရှည်​တစ်​ထည်​ကိုလည်းဘီရိုထဲမှဆွဲထုတ်​ကာဝတ်​လိုက်​သည်​။
မိုးသက်​မုန်​တိုင်း​တွေကြား သူမတစ်​ခုခုဖြစ်​မည်​ကိုသူအလွန်​အမင်းစိုးရိမ်​မိတာ​ကြောင့်​ အပြင်​ထွက်​ခွင့်​ပိတ်​ထားသည့်​ကြားမှ ဇွတ်​ထွက်​သွားမည်​ဟုဆုံးဖြတ်​လိုက်​သည်​။

"အွန်း...​ကျေးဇူး Hun....ဟွာအွန်းက​လေ...ဂိမ်းဆိုင်​​တွေ........ "

"ဒုန်း!!!!!!!!! "

အခန်းပြင်​ထွက်​ရန်​ တံခါးလက်​ကိုင်​ဘုကိုလှည့်​​နေဆဲ Sehun လက်​များရပ်​တန့်​သွားသည်​။

"ဂျိန်း!!!!!! "

ဖုန်းထဲမှတဆင့်​အသံကျယ်​ကြီးတစ်​ခုကိုသူကြားလိုက်​ရသည်​။
မိုးသံ​တွေကြားမှ သူ့နှလုံးခုန်​သံကျယ်​ကိုသူပြန်​ကြား​နေရသည်​။

"He...Hello....Hello....Noona....Noona....ဘာလို့တိတ်​သွားတာလဲ?!!....Hello...Hello ရာအွန်း!!! "

___________HATE STARTS_________

ရာအွန်း Sehun ၏ဖုန်းကို​ဖြေလိုက်​တဲ့အခါ
သူမ​မောင်​​လေးကိုရှာ​ပေးမည်​ဆို​သော​ကြောင့်
ဟွာအွန်းရှိမည့်​​နေရာများကို ရွတ်​ပြရင်း
သူမ​ရောက်​​နေ​သောလမ်းကြား​လေးထဲမှလည်း
လမ်းထိပ်​သို့ထွက်​လိုက်​​လေသည်​။

ချိုမြိန်သော...မုန်းတီးခြင်းWhere stories live. Discover now