Part-23

9.9K 870 66
                                    

Luhanကို  ဆေးရုံကဆင်းလာကတည်းက
သူ့အိမ်​မှာ​​ခေါ်ထားခဲ့သည်​မှာ တစ်​ပတ်​ရှိ​လေပြီ။
ခွဲထား​သောဒဏ်​ရာသည်
တ​ဖြေး​ဖြေးကျက်​လာ​ပေမယ့်
အရမ်းကြီးလှုပ်​ရှားသွားလာလို့​တော့မရ​သေး။
လှေကားအတက်​အဆင်းလုပ်​စရာမလို​သော
အောက်​ထပ်​မှဧည့်​သည်​ခန်းတွင်​​သာနေ​စေသည်​။

ဘာအလုပ်​မှလည်းမခို​င်းဘဲ
Company သို့လည်းလိုက်​စရာမလို......

Luhan၏အနားတွင်​ အစာချိန်​တန်​အစာ...
ဆေးချိန်​တန်​​ဆေး...သတိ​ပေးရန်​နှင့်
ပြင်​ဆင်​​ပေးရန်​လည်း Day  Nurse တစ်​​ယောက်​ကို​ဆေးရုံမှ​ခေါ်လာခဲ့​သေးသည်​။

Luhanက မလိုဘူး​ပြော​သော်​လည်း
သူက သူကိုယ်​တိုင်​​ပြုစု​ပေးနိုင်​မှာမဟုတ်​လို့ဟု​ပြောလာသည်​။ ကြည့်​ရတာ ဒီတစ်​​ခေါက်​ sehun သူ့အ​ပေါ်အပြစ်​​ပေးတာ နည်း​နည်းလွန်​သွားတယ်​လို့ခံစားရလို့ပြန်​လိုက်​လုပ်​​ပေး​နေတာဖြစ်​မည်​။
နောက်​ပြီး သူကတရားခံအစစ်​မဟုတ်​တာကို သိလို့စိတ်​​လျှော့သွားတာလည်းဖြစ်​နိုင်​သည်​။

ည​နေ ၃ နာရီထိုး​နေ​လေပြီ။

အရင်​​နေ့​တွေက သူဒီလို​ချိန်​ဆိုပြန်​လာ​နေကြမို့
Luhan အလိုလိုအိမ်​​ပေါက်​ဝကိုလှမ်းကြည့်​ရင်း သူ့အား​မျှော်​မိသည်​။ အနားတွင်​အမြဲရှိ​နေ​သော Nurse သည်​လည်း luhanနှင့်​စကားစမြည်​​ပြောရင်း သူ့အလာကို​စောင့်​​နေ​လေသည်​။ သူပြန်​လာမှ သူမလည်းပြန်​လို့ရမှာ​လေ။

နောက်​ထပ်​နာရီဝက်​​အကြာမှာ​တော့
ခြံထဲသို့သူ့ကားဝင်​လာ​​တော့သည်​။

ဧည့်​ခန်းတွင်​ အတူရပ်​​နေ​သော
Luhanတို့အနားကိုသူက​ရောက်​လာပြီး

"Luhan....​ဆေး​ရော​သောက်​ရဲ့လား? "

"​သောက်​ပါတယ်​!... "

"ဘာလို့မတ်​တပ်​ကြီးရပ်​​နေတာလဲ? ထိုင်​​လေ!.....ဆရာမ ကလည်း သူ့ကိုဇိုးဇိုးဇက်​ဇက်​မတ်​တပ်​မရပ်​​စေနဲ့​လေ "

သူဝင်​လာလာချင်း
စိတ်​က​ဆောင်​ပြီး ဇက်​ခနဲမတ်​တပ်​ရပ်​မိတာကို
သူကမြင်​ပြီး နံ​ဘေးမှ Nurse အား​ငေါက်​​တော့သည်​။

ချိုမြိန်သော...မုန်းတီးခြင်းWhere stories live. Discover now