Part-4

9.2K 727 25
                                    

အလွဲလွဲအမှားမှားနှင့်
ဟိုတိုက်​မိမလို သည်​ဝင်​​အောင်း​တော့မလို
ရပ်​သွားလိုက်​ ဝုန်းဆိုထွက်​လိုက်​နှင့်
ကားစီး​နေရတာနှင့်​မတူ
သရဲရထားစီး​နေရသလိုပင်​။

နောက်​ဆုံး အနီးအနားက ​ကော်​ဖီဆိုင်တစ်​ဆိုင်​မှာ
သူမကားကိုထိုးရပ်​လိုက်​မှ သူ အသက်​ဝဝရှူရဲ​တော့သည်​။ ကား​ပေါ်မှာရှိ​နေသည့်​တစ်​ချိန်​လုံးလည်း ဘုရားတလွန်း၍ ဘုရားပင်​နားငြီး​လောက်​ပြီ။

လက်​ထဲမှဆုပ်​ကိုင်​ထား​သောခါးပတ်​ကိုလွှတ်​လိုက်​​တော့ ​စိုရွှဲ​နေ​သော​ချွေး​တွေ...
သို့​သော်
သူမကဖြင့်​ ဂိမ်းတစ်​ခုကစား​နေသလို...

ဒါ​တောင်​ ကားပါကင်​ထိုး​သော​နေရာတွင်
ကားနှစ်​စီးစာ​နေရာကို သူမကားတစ်​စီးတည်းနှင့်
ကိုးလို့ကန်းလန့်​ဖြစ်​​အောင်​ရပ်​ထားခဲ့​သေးသည်​။

ပြန်​ပြင်​ဖို့​ပြော​တော့လည်း သူမ ​မလုပ်​တတ်​ဆို​သော​ကြောင့်​ ပြသနာမတတ်​ပါ​စေနဲ့ဟုဆု​တောင်းရင်းသာဆိုင်​ထဲသို့ဝင်​ခဲ့မိ​တော့သည်​။

Sehun နှင့်​ ကင်​ရာအွန်းတို့သည်​လည်း
ကုန်​တိုက်​မှအပြန်​ ​ကင်​ရာအွန်း၏ အချိန်​ပိုင်းအလုပ်​ဖြစ်​ရာ ​ကော်​ဖီဆိုင်​သို့​ရောက်​လာကြသည်​။

Sehun ကားပါကင်​ထိုးရန်​ကြည့်​လိုက်​​တော့
ကားနှစ်​စီးစာ​နေရာတွင်​ကိုးလို့ကန့်​လန့်​ထိုးထား​သောခပ်​စုတ်​စုတ်​ကားကိုမြင်​ပြီး
ကျစ်​ခနဲစုပ်​သတ်​ကာ

"ကားကိုဘယ်​လိုထိုးထားခဲ့တယ်​မသိဘူး! "

"ရတယ်​ Hun..Noona ဒီမှာဆင်းလိုက်​မယ်​... "

"ဟာ..မရပါဘူး...ကျ​နော်​ ​ကော်​ဖီဝင်​​သောက်​ဦးမှာ "

Sehun ကားပါးကင်​အတွက်​​နေရာမရရ​အောင်​ရှာကာ သူမနှင့်​အတူ ဆိုင်​ထဲသို့ဝင်​လာလိုက်​သည်​။

မှန်​နံ​ဘေးမှ ​ဘေးတန်းကလူအပြည့်​ဖြစ်​​နေပြီမို့
အလယ်​rollမှစားပွဲဝိုင်း​လေးတွင်​သာထိုင်​လိုက်​ရ​တော့သည်​။
ဆိုင်​​ရောက်​​ရောက်​ချင်း သူ့အနားမှထွက်​သွားကာ အလုပ်​လုပ်​​တော့မည့်​Noonaကိုသူဆွဲထားပြီး

ချိုမြိန်သော...မုန်းတီးခြင်းWhere stories live. Discover now