Part-7

8.3K 734 152
                                    

"ခင်​​ဗျားတို့ ဘယ်​အချိန်​ထိ ​အေးတိ​အေးစက်​လုပ်​​နေကြဦးမှာလဲ​ပြော?!!!..... "

သူ့​အော်​သံသည်​ ရဲစခန်းထဲကျယ်​​လောင်​စွာထွက်​​ပေါ်လာ​ပေမယ့်​ စိတ်​ပျက်​သလို ဂရုမစိုက်​သလိုလှမ်းကြည့်​လာတဲ့မျက်​ဝန်း​တွေကို သာ တုန့့်​ပြန်​မှုအဖြစ်​ရလိုက်​သည်​။

ကားတိုက်​မှုအတွက်​နဲ့ပတ်​သပ်​ပြီး ရဲစခန်းမှာလာအမှုဖွင့်​ တရားခံကိုရှာဖို့ရာ ​လော​ဆော်​​နေ​သောသူ့ကို စုံ​ထောက်​​တွေအရာရှိ​တွေက အဖက်​မလုပ်​ကြ။ ဘာအာဏာမှမရှိ​သော သူ့ကို ရိုးရိုးတန်းတန်းလမ်း​ပေါ်မှဂျစ်​ပစီ​ကောင်​​လေးလိုသ​ဘောထားကာ ​သောက်​ဖက်​မလုပ်​​တော့ သူ​သောင်းကျန်းမိသည်​။ ထိုအခါ ယာယီအချုပ်​ခန်းထဲ သူ့ကိုဖမ်းထည့်​ထား​လေ​တော့သည်​။

Sehun သိ​နေသည်​။
ရာအွန်းလို သူဆင်းရဲမိန်းက​လေးတစ်​​ယောက်​​သေဆုံးမှုသည်​ သူတို့အတွက်​ လမ်း​မ​ပေါ်မှ​ခွေးတစ်​​ကောင်​​သေဆုံးမှုကဲ့သို့ဖြစ်​သည်​။
သူတို့အကျိုးအမြတ်​ရရှိလာမယ့်​အလုပ်​မဟုတ်​တာမို့ သူတို့တာဝန်​ဖြစ်​လင့်​ကစား သူတို့​ချောင်​ထိုးထားကြသည်​။ ဒီလိုနဲ့ များလှတဲ့ဖိုင်​တွဲ​တွေ အမှု​တွဲ​တွေကြား ရာအွန်း၏အမှုသည်​ ​သွေး​အေးကာ​နစ်​မြှုပ်​သွားလိမ့်​မည်​။

Sehun ဤသို့အဖြစ်​မခံနိုင်​ပါ။
သူ့ဘဝအတွက်​ ​လောဘတက်​မိ​သော တစ်​စုံတစ်​ခု တစ်​စုံတစ်​​ယောက်​တည်းသာဖြစ်​တဲ့ သူမကို သူ့ဘဝတွင်းမှဆွဲထုတ်​သွားခဲ့သူကို မည်​သို့မျှအလွတ်​မ​ပေးနိုင်​ပါ။

"ခင်​​ဗျားတို့ အခု လိုက်​ရင်​ တရားခံဘယ်​မှထွက်​မ​ပြေးခင်​ မိနိုင်​တယ်​....ဘာလို့ ဒီအမှုကိုဦးစားမ​ပေးရတာလဲ?!!!! "

သံတိုင်​​တွေကြား ​အော်​ဟစ်​​နေ​သော သူ့အနား
စုံ​ထောက်​တစ်​​ယောက်​​ရောက်​လာကာ

"မင်းကဘာလဲ?.....မင်းနဲ့ ကင်​ရာအွန်းကဘာ​တော်​လဲ?....သူ့မိသားစုက​တောင်​ ဘာမှတွန်းအားမ​ပေးတာ မင်းကဘာလို့ လာဆူ​နေတာလဲကွ!!!...ငါတို့မှာ ကားတိုက်​မှု​သေး​သေး​လေးကိုလိုက်​စုံစမ်း​ပေးဖို့အချိန်​မပို​သေးဘူး!!!အဲ့တာ​တွေနားလည်​လား?"

ချိုမြိန်သော...မုန်းတီးခြင်းWhere stories live. Discover now