Part-20

9.5K 918 88
                                    

Sehun Company သို့ဝင်​လာချိန်
Reception ၌ ရုတ်​ရုတ်​ရုတ်​ရုတ်​ဖြစ်​​နေသည်​ကိုသတိထားမိလိုက်​သည်​။

"ဧည့်​သည်​...CEO နဲ့​တွေ့လို့မရပါဘူး....Appointment တင်​ပြီးမှလာခဲ့​ပေးပါ "

ဝန်​ထမ်းမ​လေးများ၏ ခခယယ​တောင်းဆိုသံကို
ဥ​ပေက္ခာပြု​နေ​သော ထိုလူအနားသို့
Sehun ​ရောက်​သွားသည်​။

ကျောပြင်နှင့်​အရပ်​အ​မောင်းကိုမြင်​တာနဲ့
စိတ်​ထဲအလိုလိုသိ​နေမိတာ
တကယ်​လည်းထိုလူပင်​။

Park Chanyeol......

"ဘာဖြစ်​​နေတာလဲ? "

သူ့ကိုတည့်​တည့်​ကြည့်​ရင်း
ဝန်​ထမ်းမ​လေး​တွေကို​မေးလိုက်​တဲ့အခါ
သူကပင်

"မင်းနဲ့​တွေ့ဖို့လာတာ "

"ဘာ​ပြောစရာကျန်​​သေးလို့လဲ? "

"ငါတို့ ဒီထက်​​ကောင်းတဲ့​နေရာမှာ ​ဆွေး​နွေးလို့မရ​တော့ဘူးလား?Oh Sehun shiii "

"အဲ့​လောက်​ အ​ရေးတယူ​ဆွေး​နွေးစရာမရှိဘူးထင်​လို့​လေ! "

သူတစ်​ခွန်းဆို ကိုယ်​တစ်​ခွန်း....
ခပ်​ပြတ်​ပြတ်​ခပ်​​အေး​အေးနဲ့​ပြော​နေပုံက
တဟုန်းဟုန်း​တောက်​​လောက်​​တော့မည့်​မီးစ​လေး
အစပျိုး​နေသလိုပင်​....

နာမည်​ကြီး​သောနယ်​ပယ်​ချင်းမတူ​သော်​ငြားလည်း
ရွှေ​ငွေဥစ္စာပိုင်​ဆိုင်​မှု စည်းစိမ်​ အာဏာ စသည်​က
တန်းတူညီ​သော ​ယောက်ျားနှစ်​​ယောက်​.....

ကိုယ့်​​မြေထဲဝင်​လာ​သောသူ့ကို
Reception လို​နေရာတွင်
ခပ်​​ချေ​ချေဆက်​ဆံ​နေရသည်​ကိုက
သူ့ရဲ့ ဂုဏ်​သတင်းတစ်​ဝက်​​လောက်
Oh Sehun ​၏ခြေဖဝါး​အောက်​​ကြွေဆင်းသွားသလိုပင်​......

"Luhan နဲ့​ပြောစရာရှိတယ်​"

"ငါနဲ့ လာ​တွေ့တာဆို? "

သူတမင်​ရစ်​တဲ့အခါ
စိတ်​မရှည်​​တော့တဲ့Park Chanyeol က
ကျစ်​ခနဲစုပ်​သပ်​ရင်း မျက်နှာလွှဲ ​​သည်​။

ကောင်​တာ​ပေါ်သို့ လက်​​မောင်းတစ်​ဖက်​ပစ်​တင်​ကာ မှီရပ်​လိုက်​ပြီး
အသံထွက်​သည်​ထိရယ်​ရင်း သူ့ကိုကြည့်​​နေမိစဉ်

ချိုမြိန်သော...မုန်းတီးခြင်းWhere stories live. Discover now