Part-5

8.7K 686 32
                                    

Luhan လက်ကျန်​ပေါင်​မုန့်​များကို ​​သိမ်း​​နေရင်းမှ
ကောင်းကင်​တွင်​တရိပ်​ရိပ်​တက်​လာ​သော
မိုးသားတိမ်​စိုင်​​မည်း​တွေကိုကြည့်​ကာ

"PaPa....​ရေဒီိယိုက ဒီ​နေ့မိုးရွာမယ်​လို့​ကြေငြာ​သေးလား? "

PaPa ကသူ၏ ပက်​လက်​ကုလားထိုင်​တွင်
ရေဒီယိုတစ်​လုံးချိတ်​လျက်​အမြဲနားဆင်​​နေတတ်​သူမို့Luhan ​မေးလိုက်​တဲ့အခါ PaPa က

"ဒီ​နေ့ ရာသီဥတု​ကြေငြာချက်​ကိုသတိမထားမိလိုက်​ဖူး... "

"အင်း~....ကြည့်​ရတာ...မုန်​တိုင်းရှိမယ့်​ပုံဘဲ.... "

"ဟုတ်​လား...ဒါဖြင့်​ဆိုင်​မြန်​မြန်​ပိတ်​လိုက်​​တော့​လေကွယ်​ "

" ဟုတ်​ကဲ့PaPa....ဘာဘဲဖြစ်​ဖြစ်​...ဒီည​တော့ မိုး​အေး​အေးနဲ့အိပ်​​ကောင်းပြီ..."

PaPa ကသူ့စကားကိုကြား​တော့ပြုံးကာ
ဆိုင်​၏​နောက်​ဘက်​သို့ဝင်​သွား​လေပြီ။

အကယ်​၍ ​​ကောင်းကင်​မှတိမ်​စိုင်​​တွေဟာ
မ​ကောင်းဆိုးဝါးတစ်​​ကောင်​လို​ကြောက်​စရာ​ကောင်းတဲ့ကံကြမ္မာကိုဖန်​တီးဖို့ဖြစ်​လာတာဟုသာသူသိလျှင်​ ထို​နေ့ညအတွက်​ အိပ်​​ကောင်းခြင်းအိပ်​ရမည်​ဟု​​တွေးရင်း
ပျော်​ရွှင်​မိမှာမဟုတ်​ခဲ့။

"ဂျိန်း!!! "

ကောင်းကင်​တစ်​ခုလုံးဟာ လိုအပ်​သည်​ထက်​​စောစွာ​မှောင်​မည်းလို့​နေသည်​။
မျက်​စိတစ်​ဆုံးအုပ်​မိုးလို့​နေတဲ့တိမ်​မည်း​တွေဟာလည်း အင်​နဲ့အားနဲ့။
ပတ်​ဝန်းကျင်​တစ်​ခုလုံးလည်း မိုး​ရေ​တွေကြား​ပျောက်​​ကွယ်​​နေရပြီ။
အိမ်​ကြီးတစ်​ခုလုံးရှိ အကူ​တွေသည်
ပြတင်း​တွေတံခါး​တွေကိုလိုက်​ပိတ်​​နေရင်း
ယောက်​ယက်​ခတ်​​နေကြသည်​။

အခုမှ ညစာသုံး​ဆောင်​လို့ပြီးတဲ့Sehun လည်း
မိမိအခန်းသို့ပြန်​တက်​လာပြီး
ဖုန်းကို​ကောက်​ယူလိုက်​သည်​။

Sehun၏ appa က sehun ရဲ့​ငွေကတ်​နှင့်​ကား​သော့ကိုသိမ်းထားခဲ့​ပေမယ့်​ ဖုန်းကို​တော့ချန်​ထားခဲ့သည်​။

ချိုမြိန်သော...မုန်းတီးခြင်းحيث تعيش القصص. اكتشف الآن