Part-24

9.9K 884 49
                                    

ဟွာအွန်း​နောက်​သို့လိုက်​ရန်
လွှတ်​ထား​သောစုံ​ထောက်​များမှ
ဟွာအွန်းကို​နောက်​​ယောင်​ခံမိ​ကြောင်း
သတင်း​ပေးလာသည့်​အခါ
ဟွာအွန်းဦးတည်​​နေသည်​က Luhan တစ်​​ယောက်​တည်းကျန်​ခဲ့​သောမိမိအိမ်​ဖြစ်​မှန်းသိလိုက်​ရပြီးSehun Company မှအိမ်​သို့အမြန်​ပြန်​လာရ​တော့သည်​။

ကားကိုဘယ်​​လောက်​အမြန်​နှုန်းနှင့်
လမ်း​တွေကိုဘယ်​လို​ဖြတ်​​ကျော်​ခဲ့လဲမသိ
သူ အိမ်​​ရှေ့သို့​ရောက်​ချိန်​မှာ​တော့
ထူးခြားတာတစ်​ခုမှမ​တွေ့ရ​သေး.........

အိမ်​ထဲသို့စိတ်​​စောစွာအ​လောတကြီးဝင်​လာတဲ့အခါ
အရင်​ဆုံး​တွေ့ရ​သော ဧည့်​ခန်းတွင်​ Luhan မရှိ.......

အောက်​ထပ်​မှသူ့အခန်းသို့သွားရှာရန်
ပြင်​ပြီးမှ တစ်​ဖက်​မီးဖို​ချောင်​က ခြေသံကိုကြားလိုက်​ရသည်​။
Luhan က ​အောက်​သို့ထိုင်​ကာတစ်​ခုခုလုပ်​​နေတာ​ကြောင့်​ ဝင်​လာလာချင်းအချိန်က
သူ မမြင်​လိုက်​ခြင်းပင်​။

"ကျွတ်​ကျွတ်​! "

သူ Luhan အနားသို့မြန်​မြန်​​လျှောက်​လာသွားလိုက်​​တော့ ရုတ်​တရက်​သူ့အားမြင်​လိုက်​ရ၍Luhan ကအံ့သြ​နေသည်​။
ထို့​နောက်​ လက်​ညှိးထိပ်​ကို တခြားလက်​ဖြင့်​ဖိ​နေသည်​ကို သူကြည့်​လိုက်​​တော့ ဓားရှတာဖြစ်​​နေသည်​။

လက်​ညှိုးထိပ်​ကစိမ့်​ထွက်​လာ​သော​သွေးတို့ကို
မြင်​လိုက်​ရပြီး သူ့လက်​ကိုအမြန်​ဆွဲယူကာ
ရေပိုက်​​ခေါင်း​အောက်​ထိုး​ပေးလိုက်​သည်​။

တင်​ကျန်​​နေ​သော​သွေးတို့​ရေနဲ့ပါသွား​ပေမယ့်
ဟစိဖြစ်​​နေ​သောအ​ရေပြားမှ
နောက်​ထပ်​ထွက်​ပြူလာ​သော​သွေးတို့်ကြောင့်
သူ ဆွဲယူကာ ခံတွင်းထဲသို့ထည့်​ငုံလိုက်​သည်​။

"ဘာလုပ်​တာလဲ?! "

Sehun ငုံစုပ်​ထား​သောမိမိလက်​ညှိုးကို
ဆွဲယူ​​ပေမယ့်​ သူကအလွတ်​မ​ပေးဘဲလက်​​ကောက်​ဝတ်​ကိုဆုပ်​ကိုင်​ထားသည်​။
သူ့ခံတွင်းသို့ယိုဖိတ်​လာ​သော​သွေးစက်​များကို
မြိုချလိုက်​ပြီး ဟစိဖြစ်​​နေ​သောဒဏ်​ရာအား
လျှာနှင့်​သပ်​လိုက်​တာမို့ Luhan ကြက်​သီးထသွားရသည်​။ အစက စပ်​ဖြင်းဖြင်းဖြစ်​​နေ​သောဒဏ်​ရာသည်​လည်း ​နွေး​​သောသူ့ခံတွင်းထဲမှာ သက်​သာလာပြီး ​သွေးမထွက်​​တော့ကာမှ Sehun က သူ့လက်​အားလွှတ်​​ပေး​တော့သည်​။

ချိုမြိန်သော...မုန်းတီးခြင်းWhere stories live. Discover now