Part-25

10.4K 883 112
                                    

ပင်​လယ်​ဆိပ်​ကမ်းမြို့တစ်​ခုကို
သူနှင့်​အတူ Luhan လိုက်​လာရသည်​။
ဆိုးလ်​နှင့်​ဒီ​လောက်​​ဝေး​သော​နေရာကို
သူဘာလို့​ရွေးချယ်​လဲဟု​မေး​တော့
သူ့အ​မေ၏ဇာတိမြို့ဟု​ပြောပြသည်​။

ငါး​ဈေးနှင့်​နီး​သော ရပ်​ကွက်​တစ်​ခုမှာ
အ​​တော်​အသင့်​ကျယ်​ဝန်း​သော
အိမ်​​လေးတစ်​လုံးကိုငှါးခဲ့ကြသည်​။

အိပ်​ခန်းတစ်​ခန်းသာ အခန်းဖွဲ့ထားခြင်းဖြစ်​ပြီး
မီးဖို​ချောင်​နှင့်​ဧည့်​ခန်းက​တော့ တစ်​ခုစီသပ်​သပ်​မဟုတ်​ဘဲ အိပ်​ခန်း၏အပြင်​ဘက်
တစ်​​နေရာထဲမှာသာရှိ​သည်​။ အပြင်​ကိုထွက်​လိုက်​လျှင်​ လမ်းမသို့တန်းမ​ရောက်​ဘဲ ​မြေကွက်​လပ်​ငယ်​​လေးရှိ​သေးပြီး ​ရေဘုံပိုင်​သည်​လည်းထိုကွက်​လပ်​မှာပင်​ရှိ​သည်​။

ယူလာ​သောအသုံးအ​ဆောင်​တစ်​ချို့ကို
နေရာချပြီး​နောက်​ သူနှင့်​ ​ဈေးကိုလိုက်​ခဲ့ဖို့
ခေါ်တာ​ကြောင့်​ Luhan လိုက်​သွားဖြစ်​သည်​။

ဈေးထဲသို့ဝင်​လိုက်​တာနှင့်
လျှောက်​လမ်းတစ်​​လျှောက်​တွင်
ပုံးကြီးပုံးငယ်​များဖြင့်​​ရောင်း​နေ​ကြ​သော
ငါးသည်​များ........

အပြိုင်​အဆိုင်​​ဈေး​ခေါ်ရင်း
ငါးအရှင်​များကို​ကိုင်​​မြှောက်​ကာ
ယူပါဦး...ဝယ်​ပါဦးနှင့်​​ရောင်း​နေကြသည်​။
ယခုမနက်​မှ ပိုက်​ကွန်​သိမ်းလာ​သော ငါးများဖြစ်​တာ​ကြောင့်​ လတ်​ဆတ်​တဲ့ငါး​တွေက ပုံးထဲမှခုန်​ခုန်​ထွက်​လာတာ​သေးတာမို့Luhan နံ​ဘေးမှသူ့လက်​​မောင်းအား ဆုပ်​ကိုင်​မိ​သေးသည်​။

သူကပြုံးကြည့်​လာချိန်​မှာ​တော့
လက်​ကိုလွှတ်​လိုက်​​သော်​လည်း
သူက Luhan ၏ လက်​ဖဝါးထဲသို့
သူ့လက်​​ချောင်းများအား​သော့ခတ်​သလို
ဆုပ်​ကိုင်​လိုက်​​တော့သည်​။

ဒီလိုနဲ့ ထိုငါး​ဈေးထဲပတ်​သွားရင်း
သူစိတ်​ဝင်​စားတဲ့အခါလည်း
အသည်​​ရှေ့တွင်​ ငုတ်​တုတ်​ထိုင်​ရင်း
စပ်​စပ်​စုစု..ဟို​မေး..သည်​​မေး..လုပ်​​သေးသည်​။

ချိုမြိန်သော...မုန်းတီးခြင်းWhere stories live. Discover now